ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၀-၁-၂၀၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါ အဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application & DAN Mobile Application Sticker များအား ရှင်းလင်းပြောကြားခြင်းနှင့် ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)