လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာ့သဘာဝဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းအဖွဲ့ (MCCDDM) တို့ပူးပေါင်းဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု နည်းပြသင်တန်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဒီရာဟိုတယ်တွင် (၉ -၁- ၂၀၁၇) ရက်နေ့ (၁ဝး၃၀) အချိန်တွင် ဖွင့်လှစ်ခဲ့ပြီး ကချင် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ACTED MYANMAR အဖွဲ့အစည်း Mr.Mac သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ့သဘာဝ ဘေးစီမံခန့်ခွဲမှုစွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းအဖွဲ့ (MCCDDM) မှ Ms.Sreeja က အမှာစကားပြောကြားခဲ့ပါသည်။ ထိုသင်တန်း ကို သင်တန်းသား (၃၇) ယောက်ဖြင့် (၉ -၁ -၂၀၁၇) ရက်နေ့ မှ (၂၀ -၁- ၂၀၁၇) ရက်နေ့ထိ မြန်မာ့သဘာဝဘေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်ဖွံ့ဖြိုး တိုးတက်စေရေးပူးပေါင်းအဖွဲ့ (MCCDDM) အဖွဲ့နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားဦးစီးဌာနမှ နည်းပြများက ဆွေနွေးပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီမှူးရုံး (ကဆရ)