Author Archives: Aye Kyimann
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ မိုင်းခက်ကျေးရွာနှင့် နွယ်လန်းကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ရောဂါနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်အုပ်စု၊ ထန်းပင်ကန်ကျေးရွာ၊ ရွှေလှေကွင်းကျေးရွာ၊ လယ်ဦးကျေးရွာ၊ သဇင်ကွင်းကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ တာနားကျေးရွာနှင့် ဆုံကုန်းကျေးရွာအုပ်စု ဆုံကုန်းကျေးရွာ၊ ရွှေဥဒေါင်းကျေးရွာ၊ တာနား ကျေးရွာ၊ မြောက်စုကျေးရွာ၊ အလယ်ကွင်းကျေးရွာ၊ တံတားဦးကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မဖြစ်ပွားစေရေး ပြည်သူသို့ပန်ကြားချက်အား အများပြည်သူများ သိရှိလိုက်နာ ရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းနှင့်ပြည်သူများသို့ Mask … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ (၂၅.၁၁၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာ၌ (၂၄-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၉)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၈၉၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၁၈၉၀ဝ/-)ကျပ်အား (၂၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးရှေ့မှောက်၌ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: ဓနုဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၄.၁၁.၂၀၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃)စုမှ လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၅၂၀၀/-) ကျပ်အား (၂၅.၁၁.၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကမ်းပြိုဘေးသင့်ပြည်သူ များလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 … Read more
-
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး အဖွင့်အမှာစကားပြောကြား
၂၅-၁၁-၂၀၂၀၊ နေပြည်တော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Online အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေး သူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ၊ United Nations Resident Coordinator and Humanitarian Coordinator, Mr. Ola Almgren၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ ပြည်နယ် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာအုပ်စု၊ ဆင်မကျွန်းကျေးရွာ၊ အချင်းပြစ်(ရ) ကျေးရွာနှင့် ဥယျာဉ်စုကျေးရွာတို့တွင် (၂၃-၁၁-၂၀၂ဝ) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၇၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၆၅,၉၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁.၉၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၀၆၅,၉၀၀-/)ကျပ် အား (၂၅-၁၁-၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_nov2020 Source: စလင်းမြို့နယ်စီးမှူးရုံး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မဲဇလီအုပ်စု၊ မဲဇလီကျေးရွာနှင့် သုံးဆက် ကျေးရွာအုပ်စု၊ သုံးဆက်ကျေးရွာတို့တွင် (၂၃-၁၁-၂၀၂၀) ရက်နေ့ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရ သောအိမ်ခြေ(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ငွေ (၁၈၉၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၁၈၉၀ဝ/-)တို့ကို (၂၅-၁၁-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ် သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၅-၁၁-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၃း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ဝါးနက်ချောင်းကျေးရွာ၊ တံခွန်တိုင်ကြီးကျေးရွာ၊ တံခွန်တိုင်လေးကျေးရွာ၊ ဘုရားချောင်းကျေးရွာနှင့် ကျွဲတလင်းကျေးရွာ တို့အတွင်း Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် Hand Speaker၊ Loud Speaker များဖြင့် ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 … Read more
-
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေး ညှိနှိုင်းဆွေးနွေးမှုသတင်း
နိုဝင်ဘာ ၂၄ ၊ နေပြည်တော် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများတွင်ပါဝင်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာနနှင့် သက်ဆိုင် သည့်ကဏ္ဍများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ယနေ့နံနက်ပိုင်းက ၀န်ကြီးဌာနတွင် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စု၀န်ကြီးက ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁)ရာစု ပင်လုံအစည်းအဝေးများဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ညီလာခံ(၄)ကြိမ်ကျင်းပပြီးစီးခဲ့ပြီးဖြစ်ကြောင်း၊ ပြီးစီးခဲ့သော ညီလာခံများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို ချုပ်ဆိုခဲ့ရာ မူဝါဒသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ ဒုတိယအကြိမ်ညီလာခံတွင် (၃၇)ချက်၊ တတိယအကြိမ်ညီလာခံတွင် (၁၄)ချက်နှင့် စတုတ္ထအကြိမ် ညီလာခံတွင် (၂၀)ချက်၊ … Read more
