COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၁၂.၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ကောလင်းမြို့၊ မြောက်အင်း ရပ်ကွက်နှင့် ဈေးရုံဗိုလ်တဲ ရပ်ကွက်များရှိ ပြည်သူများသို့ Covid-19 နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေး လှည့်လည် ဆော်သြခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာကပ်ခြင်းနှင့် ရေသန့်ဆေးဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_dec2020
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events