မီးဘေးနှင့် မုန်တိုင်းဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ (ပြည်သူ့ ဆေးရုံကြီးနှင့် NLD ရုံး၏ မျက်နှာချင်းဆိုင်အရပ် မြင်သာ၊ ထင်သာရှိသော နေရာ)များ၌ အများပြည်သူများ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိနိုင်စေရန်အတွက် မီးဘေးနှင့် မုန်တိုင်းဘေး အသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်များအား စိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar_fir

#ar_str

#mgy_dec2020

Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events