Author Archives: Aye Kyimann

  • COVID-19 ကူးစက်မှုနှုန်းမပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင် ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၁၂.၂၀၂၀) ရက်နေ့တွင် တမူးမြို့ စန္ဒကူးရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ စော်ဘွား ရပ်ကွက်၊ မြို့မ ရပ်ကွက်ရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွား စေရန်အတွက်သိရှိလိုက်နာရန် အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_dec2020 Source:  တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုသတင်း

    ဒီဇင်ဘာ ၂၉၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ များနှင့်အတူရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို Virtual Meeting ဖြင့်ပြုလုပ် ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာထောက်ပံ့ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်းကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် လူတစ်ဦးလျှင်(၁)ရက် ဆန်(၂)ဘူးနှုန်းဖြင့် … Read more

  • မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၂၀) ရက်နေ့၊ (၁၂:၃၀) နာရီအချိန်၌ ပန်းတနော်မြို့၊ ရန်ကုန်-ပုသိမ်ကား လမ်းမကြီးဘေး မြို့အဝင်ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၌ (၉ပေ x ၆ပေ) အရွယ်အစားရှိ မြေစိုက်ဆိုင်းဘုတ်အား မီးဘေး အန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်အလက်များပါ ဗီနိုင်းပိုစတာကပ်၍ အများပြည်သူများ အလွယ်တကူ ဖတ်ရှုနိုင်ရန် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_fir #ayy_dec2020 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား ကျင်းပမှုသတင်း

    နေပြည်တော် ဒီဇင်ဘာ ၂၈ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄) စာအုပ် မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌  Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခ ံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ အဖွင့်အမှာ စကားပြောကြားသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ လူငယ်ရေးရာကော်မတီ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ သရက်ချောင်း ကျေးရွာတွင်(၂၅-၁၂-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၁၄၇၀ဝ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၁၄၇၀ဝ/-)ကျပ်အား (၂၈-၁၂-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီအချိန် တာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်နှင့် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁၂.၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးလျက် ရှိသော ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာသို့ သောက်သုံးရေ (၂၂၅၀) ဂါလံနှင့် ရေသန့်ဆေးပြားအထုပ် (၂၄၀)ပါ တစ်ဘူး သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_dec2020 Source:    ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့တွင် မီးဘေးအန္တရာယ်နှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တို့ကို ပြည်သူများသိရှိစေရန် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အ.ထ.က-၂ ကျောင်းရှေ့နှင့် သီရိမြိုင်ရပ်ကွက်၊ စျေးရှေ့တို့တွင် မီးဘေး အသိပညာပေးဗီနိုင်းပိုစတာများ ပြောင်းလဲစိုက်ထူပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_dec2020 Source:    မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေသန့်ဆေးထုပ်များ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ကန်ရေသောက်သုံးလျှက်ရှိသော ရေဦးမြို့နယ်၊ မြင်းပေါက်ကျေးရွာအုပ်စု၊ ဝက်ဖိုးကျေးရွာ သို့ ရေသန့်ဆေး (၂၄၀)ထုပ်ပါ (၃)ဖာအား (၂၃-၁၂-၂၀၂၀)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source:    ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လက်သန့်ဆေးရည်ဘူးများ ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၂၂-၁၂-၂၀၂၀) ရက်နေ့တွင် Hand Sanitizer (500ml) (၁၅၀) ဘူးအား ပေါက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ် Covid – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_dec2020 Source:  ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events