လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည် နယ်ဦးစီးမှူးရုံးနှင့် လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့လဲကျောင်း ကျေးရွာအုပ်စု၊ ကမော့လဲကျေးရွာ၌ (၂၈-၁-၂၀၂၁)ရက်နေ့ (၀၇:၀၀)အချိန်တွင် ထင်းမီးဖိုဖြင့် ထမင်းတည်ရာမှ ဘေးနံရံသို့ မီးကူးစက်ခဲ့ရာမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးနေအိမ် (၁)လုံးပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးတို့အတွက်(၇၉၀၀ဝိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ Family Kit (၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေကျပ် (၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၀၅၀ဝ/-) ကျပ်အား (၂၉-၁-၂၀၂၁)ရက်နေ့ (၁၁:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_jan2021
Source: လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)