Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်သန့်ဆေးရည်များထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၁) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊‌ ချောင်းဦးမြိုနယ်၊ ချောင်းဦးမြို့၊ ကမ္မကျေးရွာ၊ ငါးယှဉ်ကျေးရွာ၊ မိုင်တဲကျေးရွာ၊ နတ်‌ရေကန်‌ကျေးရွာနှင့် မြင်းမူမြို့နယ်၊ မြင်းမူမြို့၊ အလ္လကပ္ပ ကျေးရွာ၊ ​မြို့ပေါ်ကျေးရွာများတွင် Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးခြင်း၊ လက်သန့်ဆေးရည်ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_jan2021

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events