Author Archives: Aye Kyimann
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitoring and Evaluation Team ကွင်းဆင်းဆောင်ရွက်မှုသတင်း
၇-၅-၂၀၁၇၊ နေပြည်တော် လူတိုင်းအခြေခံလူ့အခွင့်အရေးများကို ဒီမိုကရေစီစံနှုန်းများနှင့်အညီရရှိပြီး လူ့ဂုဏ်သိက္ခာပြည့်ဝစွာရပ်တည်နိုင်ရေးအတွက် လူမှု ကာကွယ်စောင့်ရှောက်ရေးစနစ် များဖြင့် ဆောင်ရွက်ခြင်းနှင့် ထိရောက်သော စီမံခန့်ခွဲမှုစနစ်များဖြင့် သဘာဝဘေးဒဏ်များကိုရင်ဆိုင်တုံ့ပြန်၊ ကြံ့ကြံ့ခိုင်နိုင်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေးမူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပွင့်လင်းမြင်သာသော ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရေးအတွက် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Monitoring and Evaluation Team အဖွဲ့သည် မိတ်ဖက်အဖွဲ့အစည်း များဖြစ်သည့် Mercy Crop & AVSI, World Education အဖွဲ့များ၏ ကယားပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရပ်ရွာလူထုအဖွဲ့အစည်းများ အား … Read more
-
မုတ်သုံအကြိုကာလ ရပ်ရွာလူထုအခြပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မုတ်သုံအကြိုကာလ ရပ်ရွာလူထုအခြပြု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ယင်းသင်တန်းတွင် သင်တန်းသား အင်အား (၃၂) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်မျှကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဒီပဲယင်းမြို့နယ်၊ တက်ခေါင်းကျေးရွာ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ် တက်ခေါင်းကျေးရွာ၌ ဖြစ်ပွားသော လေဘေးကြောင့် အိမ်ခြေ (၃၆) အိမ်နှင့် ဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် family kits (၃၆) စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၃၀၀၀၀/-) အား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဌာနဆိုင်ရာများ မြို့မိ၊ မြို့ဖများနှင့်အတူ (၈-၅-၂၀၁၇) ရက်နေ့တွင် ထောက်ပ့ံပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးရွှေကျားရခိုင် ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံဖွင့်လှစ်မှုသတင်း
၇-၅-၂၀၁၇၊ စစ်တွေ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရကမတည်ငွေနှင့် ဒေသတွင်းပြန်လည် နေရာချထားရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုး ကူညီမှုတို့ဖြင့် ဒေသခံအိမ်တွင်း လက်မှုလုပ်ငန်း ငယ်ပိုင်ရှင်တစ်ဦး၏ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံတိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းအလုပ်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အလုပ်ရုံတည်ရှိရာစစ်တွေမြို့၊ ကျားမသောက်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန်ယူခဲ့သည်မှာ တစ်နှစ် ကာလရှိခဲ့ပြီဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အားလုံးအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက် လျက်ရှိရာဖွံ့ဖြိုးမှုနည်းသော ပြည်နယ်တစ်ခုဖြစ်သည့် … Read more
-
တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒက်ကျခံခဲ့ရပြီး လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ၄င်းတို့နေရပ်ဒေသသို့ ပြန်နိုင်ရေး ဆက်လက်ထောက်ပံ့ဆောင်ရွက်ပေးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လာရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုး ပြစ်ဒက်ကျခံခဲ့ရသော မြန်မာနိုင်ငံသားများအား လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာသော လူဦးရေ ကျား (၂၅) ဦး၊ မ (၂) ဦး ပေါင်း (၂၇) ဦးတို့အား မိမိတို့၏နေရပ်ဒေသဖြစ်သော ပဲခူးတိုင်ဒေသကြီး ရေတာရှည်မြို့နယ်၊ သာကရမြို့ ဒေသများပြန်နိုင်ရေးအတွက် (၅ -၅- ၂၀၁၇) ရက်နေ့၊ (၀၉ း၄၅) နာရီတွင် မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၇ ) နေ့ (၀၉းဝ၀ ) နာရီတွင် မော်လူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းဟောပြောပွဲတွင် အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စုရှိ ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ ရွာခွဲအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ NLD ပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်လက်ကမ်းစာစောင်များ အမှတ်တရလက်ဆောင် ပစ္စည်းများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပြန်ကြားချက်ပိုစတာ စိုက်ထူပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူးရုံးမှ (၄-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းဘေးကြို တင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို ့ပြန်ကြားချက်ပိုစတာအား မောင်တောမြို႔မစျေးကြီးရှေ့လူစည်ကားသည့်နေရာများ၌ စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဗီနိုင်းများစိုက်ထူရန်အတွက် ကွင်းဆင်းဆောင်ရွက်နေမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် မုတ်သုန်အကြိုကာလအတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဗီနီုင်းများအား စစ်တွေမြို့လောကနန္ဒာဘုရားရှေ့၊ ဦးဥတ္တမခန်းမရှေ့မြို့မစျေး၊ အဝေးပြေးကားဝင်းစသည့် အဆိုပါ (၄) နေရာ၌ စိုက်ထူနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရေဘေးကြိုတင်ပြင်ဆင်ရေးဇာတ်တိုက်လေ့ကျင့်မည့်နေရာသို့ကွင်းဆင်းဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရန် တပ်ကုန်းမြို့၊ သံပုရာကုန်းကျေးရွာသို့ (၄-၅-၂၀၁၇) နေ့တွင် သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့နှင့် Community and Family Services International (CFSI) အဖွဲ့မှ Mr. Steven Muncy ဦးဆောင်သောအဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
Source: MSWRR ၄-၅-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် “မြန်မာနိုင်ငံပြည်သူလူထုသဘာဝဘေးရင်ဆိုင် တုံ့ပြန်နိုင်စွမ်းမြင့်မားစေရေးအမျိုးသားအဆင့်မူဘောင်”ကို ၂၀၁ရခုနှစ်၊ မတ်လတွင် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမူဘောင်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အာရှဖွံဖြိုးရေးဘဏ်မှ စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာအကူအညီတစ်ရပ်ကို အမေရိကန်ဒေါ်လာ (၇.၅) သန်းဖြင့် ပေးအပ်နိုင်ရေးညှိနှိုင်းဆွေးနွေးရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ Mr. Arghya Sinha Roy ဦးဆောင်သောအဖွဲ့က ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးအား ယနေ့နံနက် (၉း၃၀) အချိိန်တွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အဆိုပါအကူအညီသည် စီမံချက် … Read more
