
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လာရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၇) ရက်နေ့တွင် တရုတ်နိုင်ငံအတွင်း အကြောင်းအမျိုးမျိုး ပြစ်ဒက်ကျခံခဲ့ရသော မြန်မာနိုင်ငံသားများအား လောက်ကိုင်မှတဆင့် လားရှိုးမြို့သို့ ရောက်ရှိလာသော လူဦးရေ ကျား (၂၅) ဦး၊ မ (၂) ဦး ပေါင်း (၂၇) ဦးတို့အား မိမိတို့၏နေရပ်ဒေသဖြစ်သော ပဲခူးတိုင်ဒေသကြီး ရေတာရှည်မြို့နယ်၊ သာကရမြို့ ဒေသများပြန်နိုင်ရေးအတွက် (၅ -၅- ၂၀၁၇) ရက်နေ့၊ (၀၉ း၄၅) နာရီတွင် မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် ဆန် (၇) ရက်စာတို့အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လာရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)