သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

05_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၅-၅-၂၀၁၇ ) နေ့ (၀၉းဝ၀ ) နာရီတွင် မော်လူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ယင်းဟောပြောပွဲတွင် အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စုရှိ ကျေးရွာအထောက်အကူပြုကော်မတီဝင်များ၊ ရွာခွဲအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ NLD ပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၆၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်လက်ကမ်းစာစောင်များ အမှတ်တရလက်ဆောင် ပစ္စည်းများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events