Author Archives: Aye Kyimann

  • ရပ်ရွာအခြေပြုဘေးအန္တရာယ်လျော့ချရေးသင်တန်းဖွင့်လှစ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့၌ The Luthern World Federation (LWF) ဖျာပုံအဖွဲ့နှင့်ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ ကံစုအနောက်ကျေးရွာအုပ်စု ကံစုအနောက်ကျေးရွာတွင် ဒေသခံပြည်သူ (၅၀) ဦးအား ရပ်ရွာအခြေပြု ဘေးအန္တရယ်လျော့ပါးရေးသင်တန်းအား ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ အသိပညာပေးဟောပြောပွဲပြုလုပ် မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှ ပြည်သူ လူထု (၂၀၀) ခန့်အား သဘာဝဘေးနှင့်ပတ်သက်သည့်အသိပညာများ ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ လေပြင်းဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် (၁၄:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စု ဆင်ပိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်ခြေ (၂၄) အိမ်ထောင်စု (၂၄) စုမှ သွပ်အချပ် (၄၈၀) ချပ် အမိုးလန်ခဲ့ရာ ကျား (၇၇) ဦး မ (၇၂) ဦး စုစုပေါင်းလူဦးရေ (၁၄၉) ဦး ဘေးဒုက္ခ ခံစားခဲ့ရပြီး အဆိုပါလေဘေးတွင် ပျက်စီးသွားသော အိမ် (၂၄) လုံးအတွက် … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗောဓိတာလမ်းနေ ဦးထွန်းလှ(ခ)ဦးနားလိပ်၊ (ဘ)ဦးဖိုးဆိတ် အသက် (၃၈) နှစ်သည်  မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ပါသဖြင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား ၂၆-၅-၂၀၁၇ ရက်နေ့၌ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • စလင်းမြို့နယ်၊ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိ သူများသည် (၂၄-၅-၂၀၁၇) ရက်နေ့ကဖြစ်ပွားခဲ့သော စလင်းမြို့နယ် ကမ်းပြိုဘေးကြိုတင်ရွှေ့ပြောင်း အိမ်ထောင်စု (၂၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၈၇) ဦးအတွက် ဆန် (၇) ရက်စာ (၁၈၂၇၀၀/-) ကျပ်တို့အား (၂၆-၅-၂၀၁၇) ရက်နေ့၌ မြိ်ု့နယ်ထွေ/အုပ်မှ တဆင့် ထောက်ပ့ံပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်လျော့ချရေးကမ္ဘာလုံးဆိုင်ရာညီလာခံသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

    သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်ပတ်သက်၍ ၂၀၁ရခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာညီလာခံကိုသဘာဝဘေးလျော့ချရေးဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက် (၂၀၃၀)၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပါရီသဘောတူညီချက်တို့ကိုအခြေခံ၍ ကမ္ဘာ့နိုင်ငံအသီးသီးကဆောင်ရွက်လျက်ရှိ သော သဘာဝဘေးလျော့ချမှု ဆိုင်ရာ အကောင်အထည်ဖော်မှု အခြေအနေများကို ဆန်းစစ်ခြင်း၊ အသိပညာနှင့်အတွေ့အကြုံဗဟုသုတများကိုဖလှယ်ခြင်းနှင့်ဆက်စပ် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း စသည့်ရည်ရွယ်ချက်များဖြင့် မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်းမြို့တွင် မေလ (၂၂) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါကမ္ဘာ့ညီလာခံဖွင့်ပွဲအခမ်းအနားကို မေလ (၂၄) ရက်နေ့က ကန်ကွန်းမြို့၊ Moon Palace Resorts တွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ … Read more

  • ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းပြုလုပ်ကျင်းပမှုသတင်း

    (၁၆-၅-၂၀၁၇) ရက်နေ့၊ မွန်းတည့် (၁၃း၃၀ – ၁၄း၁၀) နာရီအချိန်၊ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ “ချင်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” ကို ကျင်းပခဲ့ရာ သင်တန်းသား စုစုပေါင်း (၆၄) ဦးတက်ရောက်ခဲ့ပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နုနုခိုင်မှ ဦးစီးဌာနနှင့် ပတ်သတ်သောသိကောင်းစရာအချက်များ၊ သဘာဝဘေးအန္တရာယ်တားဆီး ကာကွယ်ရေးအကြောင်းများအား ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events