ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ လေပြင်းဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် (၁၄:၀၀) နာရီမှ (၁၄:၃၀) နာရီအထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်အန်ကျေးရွာအုပ်စု ဆင်ပိုင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေ အိမ်ခြေ (၂၄) အိမ်ထောင်စု (၂၄) စုမှ သွပ်အချပ် (၄၈၀) ချပ် အမိုးလန်ခဲ့ရာ ကျား (၇၇) ဦး မ (၇၂) ဦး စုစုပေါင်းလူဦးရေ (၁၄၉) ဦး ဘေးဒုက္ခ ခံစားခဲ့ရပြီး အဆိုပါလေဘေးတွင် ပျက်စီးသွားသော အိမ် (၂၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကယ်ဆယ်ရေးရန်ပုံငွေ (၁၂၆၀၀၀၀/-) ကျပ် နှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား မြို့နယ် ထွေ/အုပ်ထံသို့ လွှဲပြောင်းထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events