ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁) ရပ်ကွက် ဗောဓိတာလမ်းနေ ဦးထွန်းလှ(ခ)ဦးနားလိပ်၊ (ဘ)ဦးဖိုးဆိတ် အသက် (၃၈) နှစ်သည် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ပါသဖြင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့ ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား ၂၆-၅-၂၀၁၇ ရက်နေ့၌ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)