Author Archives: Aye Kyimann
-
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈)ရက်နေ့တွင် ကျောက်ဖြူပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမ ၌ စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတက်ရောက်ခဲ့ပါသည်။ ထိုပြင် သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပညာရေးကောလိပ်မှ ဆရာ/ဆရာမများ၊ မီးသတ်ဦးစီးမှူးနှင့် မိုးဇလခရိုင်မှူးတို့တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁-၂၀၁၈)ရက်နေ့မှ (၂၆-၁-၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကြာမြင့်ဖြစ်ကြောင်း သတင်းရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့တွင် ကန်တက်ကုန်းဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ ကလေးငယ် (၁၅၀၀)ဦးအား သဘာဝဘေးအန္တရာယ်များ အထူးသဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ သိသင့်သိထိုက် သည့် အသိပညာဗဟုသုတများ၊ ဆောင်ရန်ရှောင်ရန်များအား သရုပ်ပြကစားခြင်း၊ သရုပ်ဖော်ပုံများဖြင့် ပုံပြင်များပြောပြခြင်း နည်းလမ်း များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
Cyclone shelter ဆောက်လုပ်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁-၂၀၁၈)ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ သဘော့ဆိပ်ကျေးရွာ၌ cyclone shelter ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၅-၁-၂၀၁၈)ရက်နေ့တွင် လပွတ္တာ၊ (၃)မိုင်မြို့သစ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ နည်းပညာကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ရေလဲကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈)ရက် နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွေ့ပြောင်းသည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စု လူဦးရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၉၄၀၀/-) စုစုပေါင်း ရန်ပုံငွေ (၂၂၉၄၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု ချောင်းကြီးကျေးရွာတွင် (၂၃-၁-၂၀၁၈) ရက်နေ့၌ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းသည့် နေအိမ် (၃)လုံး အိမ်ထောင်စု (၃)စု လူဦးရေ (၁၃)ဦးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာရန်ပုံငွေ (၂၇၃၀၀/-)ကျပ် စုစုပေါင်း ရန်ပုံငွေ(၃၂၇၃၀၀/-)ကျပ်တို့အား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၂၅-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူထံ သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်နှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲများကို (၂၅-၁-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ပို့ကြီး ကျေးရွာ ညောင်ရွှေမြို့နယ်၌ ပြုလုပ်ရာ အင်အား (၈၀)ခန့်အားလည်းကောင်း၊ ညနေပိုင်းတွင် ခေါင်တိုင်ကျေးရွာအုပ်စု ညောင်ရွှေမြို့ နယ်၌ ပြုလုပ်ရာ အင်အား (၅၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်းများဖြင့် အသိပညာဗဟုသုတပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး ၊သာယာဝတီ်ခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါ ကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၃၃၆၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္ထူပုံးအပါ (၅)ပုံး တန်ဖိုးငွေ(၁၁၀၃၃၀/-)ကျပ်၊ Family Kits (၅)ပုံးတို့အား (၂၅-၁-၂၀၁၈)ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၂၄-၁-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ပြည်သူသို့ထုတ်ပြန်ရမည့် (၄)လ (၁)ကြိမ် အစီရင်ခံစာပြုစုရေးသားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၄-၁-၂၀၁၈) ရက်နေ့၊ နေ့လည်(၁)နာရီ တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၊ ဒုတိယဥက္ကဌဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ကော်မတီဝင်ဝန်ကြီးဌာနများမှ … Read more
-
နွာထိုးကြီးမြို့နယ်တွင်းရေရှားပါးသည့်ဒေသများသို့ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈)ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ နဘဲသာကျေးရွာ၌ ကာလကြာရှည်စွာ သုံးစွဲလျက်ရှိနေသည့် (၉)ဧက ကျယ်ဝန်းသော ရေကန်ကြီးအား ရေယိုစိမ့်မူအခြေနေကြည့်ရှုရန်အတွက် နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချူပ် ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
