Author Archives: Aye Kyimann

  • ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ အ-ထ-က ကျောင်‌းတွင် ဖေ‌ဖော်‌ဝါရီလ(၅)ရက်‌‌နေ့၌ ကြက်ခြေနီအဖွဲ့နှင်‌့ပူး‌ပေါင်‌း၍ အမာမြို့မှ မြို့နယ်အုပ်‌ချုပ်‌‌ရေးမှူးဦးခင်‌‌မောင်‌သန်‌းနှင့် ဌာန ဆိုင်‌ရာတာဝန်‌ရှိသူများ၊ ကျောင်‌းအုပ်‌ဆရာမကြီးနှင်‌့ဆရာမများ၊ ကျောင်‌းသား၊ ကျောင်‌းသူ စုစု‌ပေါင်‌း(၇၀၀)ဦးအား ငလျင်‌‌ဘေး အန္တရာယ်‌အသိပညာ‌ပေး‌ဟော‌ပြောဆွေးနွေးခဲ့ပါသည်။ ထိုဟော‌ပြောဆွေးနွေးပွဲ တက်ရောက်လာသူများအား အသိပညာ‌ပေး လက်‌ကမ်‌းစာ‌စောင်‌များ၊ ပိုစတာများဖြန်‌့‌ဝေ‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈)ရက်နေ့တွင် ကယား ပြည်နယ်၊ မယ်စဲ့မြို့နယ်၊ မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့် (၁)အိမ်ထောင်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး(၈၄၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်တို့အား ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် ကျောက် တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု အပေါက်ဝအလယ်(မူဆလင်)ကျေးရွာတွင် ကုလားတန်မြစ်ကမ်းပြိုမှုကြောင့် လူနေအိမ် (၁၂)လုံး လုံးဝပြိုကျသွားခဲ့ပြီး လူနေအိမ်(၉)လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ စုစုပေါင်းလူနေအိမ် (၂၁)လုံး အိမ်ထောင်စု (၂၁)စုမှ လူဦးရေ(၁၂၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ (၆)မျိုး၊ အိမ်ထောင်စု(၉)စုစာ ဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၅၈၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၁၀၀၀၀၀/-)တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၅-၂-၂၀၁၈)ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး

  • နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၃-၂-၂၀၁၈) ရက်နေ့၊ ည (၂၂:၅၀)နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၄၃) ဦးအတွက် မိုးကောင်းမြို့သာသာနာ့ဗိမာန်၌ တီရှပ် (၁)ထည်၊ တဘက်(၁)ထည်၊ ဆပ်ပြာ (၁)တောင့်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၁၀၀)ကျပ်နှင့် ရထားလက်မှတ်ခ စုစုပေါင်း (၅၆၇၀၀/-)ကျပ်တို့အား (၄-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့ သီလရှင်ပညာရေးကျောင်း (၃)မိုင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးကြိုး ဘေးနှင့်ပက်သက်သည့် ဆောင်ရန်ရှောင်ရန်များကို လူဦးရေ (၁၅၀)ဦးခန့်အား အသိပညာပေးဆွေးနွေးဟောပြောပွဲခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ဗန်းမော်ခရိုင်ဦးစီးမှူးရုံး

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ဝါးတောကုန်းကျေးရွာရှိ ကျေးရွာပြည်သူ(၃၀)ဦးခန့်အား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃၀-၁-၂၀၁၈)ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၂)ဦးအတွက် family kits (၂၆)မျိုးပါ (၂)ပုံး၊ ပလတ်စတစ်ပုံး (၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၂၅၂၀၀/-)ကျပ်တို့အား (၃၀-၁-၂၀၁၈)ရက်နေ့တွင် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု ပူးပေါင်းဆောင်ရွက်မှုသတင်း

    ၂၈-၁-၂၀၁၈၊ မန္တလေး မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် လူမှုကူညီရေးလုပ်ငန်းများကိုဆောင်ရွက်လျက် ရှိသည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ လုပ်ငန်း တစ်ခုဖြစ်သော အထူးစောင့်ရှောက်မှုလိုအပ်သော ကလေးငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းကအသင်း၏ပညာဒါနကျောင်းဆောင်တွင်ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၏ အထွေထွေဖွံ့ဖြိုးမှုနောက်ကျ သော အထူးစောင့်ရှောက်မှုလိုအပ်သည့် ကလေး ငယ်များအတွက် နေ့ပိုင်းစောင့်ရှောက်ရေး လုပ်ငန်းအကောင်အထည်ဖော်မှုသည် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသော ပြန်လည်ထူထောင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ကလေးသူငယ်တိုင်း … Read more

  • အာဆီယံလူသားချင်းစာနာကူညီမှုဆိုင်ရာညှိနှိုင်းရေးအဖွဲ့က ရခိုင်ပြည်နယ် အတွင်းရှိ ပြန်လည်လက်ခံရေးစခန်းများကို သွားရောက် လေ့လာမှုသတင်း

    ၂၈-၁-၂၀၁၈ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံ ညှိနှိုင်းရေးမှူးရုံး (AHA Centre)က ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းေ ရှာင်ပြည်သူများအတွက် (၁၄-၁၁-၂၀၁၇)ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှလှူဒါန်းသည့် အမေရိကန် ဒေါ်လာ လေးသိန်းခွဲခန့် တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီများကိုလည်းကောင်း၊ (၁၄-၁၂-၂၀၁၇)ရက်နေ့တွင် စင်္ကာပူနိုင်ငံ မှလှူဒါန်းသည့် အမေရိကန်ဒေါ်လာ(၇)သောင်းခွဲခန့်တန်ဖိုး  ရှိသည့် မီးဖို ချောင်သုံးပစ္စည်းများကိုလည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ တိမ်းရှောင် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် … Read more

Sign Up

Upcoming Events