ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် ကျောက် တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စု အပေါက်ဝအလယ်(မူဆလင်)ကျေးရွာတွင် ကုလားတန်မြစ်ကမ်းပြိုမှုကြောင့် လူနေအိမ် (၁၂)လုံး လုံးဝပြိုကျသွားခဲ့ပြီး လူနေအိမ်(၉)လုံးအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရာ စုစုပေါင်းလူနေအိမ် (၂၁)လုံး အိမ်ထောင်စု (၂၁)စုမှ လူဦးရေ(၁၂၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ (၆)မျိုး၊ အိမ်ထောင်စု(၉)စုစာ ဆန်ရိက္ခာ (၇)ရက်စာဖိုး(၂၅၈၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၁၀၀၀၀၀/-)တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးမြို့နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၅-၂-၂၀၁၈)ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး