မိခင်ဝိုင်းများတိုးချဲ့ဖွင့်လှစ်ခြင်းနှင့်လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးနှင်‌့ လူမှုကာကွယ်စောင်‌့ရှောက်ရေးလုပ်ငန်းများ ပြည်သူအကြားကွင်းဆင်းဆောင်ရွက်မှုသတင်း

၂၈.၁.၂၀၁၈ မကွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊   တိုင်းဒေသကြီးဦးစီးမှူး များနှင်‌့တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီ လ ၂၇ ရက်နေ့တွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာ လုပ်ငန်းတစ်ရပ်ဖြစ်သည့် မိခင်ဝိုင်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် မင်းဘူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားလျှက်ရှိသော မင်းဘူးမြို့နယ် ကျေးရွာ(၅)ရွာမှ သင်တန်းသူမိခင်များနှင်‌့ပံ့ပိုးသူများအဖွဲ့ကို မွန်းလွဲပိုင်းတွင် သွား‌ရောက်တွေ့ဆုံရာတွင် မိခင်ဝိုင်းများ ဖွင့်လှစ်ရသည်‌့ ရည်ရွယ်ချက် များ ဖြစ်သည့် ကလေးသူငယ်များ ပြုစုပျိုးထောင်ပေးသည့် နည်းလမ်းကို ရပ်ရွာလူထုအတွင်း ပျံ့နှံ့ ‌ရောက်ရှိစေရန်  ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြျစုပျိုးထောင်ခြင်းလုပ်ငန်းကို ရပ်ရွာမှ စုပေါင်းတာဝန်ယူလုပ်တတ် စေရန်နှင်‌့   က‌လေးဘက်စုံဖွံ့ဖြိုးရေးအတွက်  ပြုစုပျိုး ထောင်တတ်စေရန် စသည့် ရည်ရွယ်ချက်များကို အကောင်အ ထည်ဖော်နေမှု များ ရှင်းလင်းပြောကြားပြီး သင်တန်းအဖွဲ့က   ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို  ပြန်လည်ဆွေးနွေးမှုအပါ်  ဖြည့်ဆည်း  ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင်‌့အဖွဲ့သည် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် မင်းဘူး၊ စကုမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာ သို့ ညနေပိုင်းတွင်ရောက်ရှိပြီး ရွာလယ်ဇရပ်၌ ရပ်ရွာလူထုနှင်‌့တွေ့ဆုံ၍ သဘာဝဘေးကြိုတင် ပြင်ဆင်ရေးနှင်‌့ပတ်သက်၍ ဆောင်းအကုန်နွေအကူး ရာသီပြောင်းချိန်တွင် ဖြစ်တတ်သော လေပြင်းတိုက်ခတ်မှုကြောင်‌့ ပျက်စီးဆုံးရှုံးမှုများလျော့နည်း သက်သာ စေရေးအတွက် လိုအပ်ချက်များ ဖြည်‌့ဆည်းပံ့ပိုးရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ ကျေးရွာသူ/သားများမှလည်း သဘာဝဘေး နှင်‌့ပတ်သက်၍ အခက်အခဲများရှိပါက ဆွေးနွေးအကြုံပြုစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ၂၀၁၇ ခုနှစ်၊ မတ်လတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လူနေအိမ်(၁၁၁)လုံး လေပြင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေးအတွက် ရန်ပုံငွေများထောက်ပံ့ပေးခဲ့သဖြင်‌့ အိမ်အမိုးသွပ်ပြား၊ အကာနှင်‌့အိမ်တိုင်များ ဝယ်ယူဖြန့်ဝေပေးခဲ့ကြောင်းနှင်‌့ ကျေးရွာသူရွာသားများအနေဖြင်‌့လည်း ယခုလိုထောက်ပံ့ခြင်းအတွက် ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ကျေးရွာသူရွာသားများက လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် လိုအပ်ချက်များဆွေးနွေးကြပြီး ကျေးရွာစာကြည်‌့တိုက်မှူးမှ လည်း စာကြည်‌့တိုက်အတွက် စာအုပ်များလိုအပ်နေကြောင်းတင်ပြရာ ဒုတိယဝန်ကြီးက ဗဟုသုတဖြစ်ဖွယ် စာအုပ်များဝယ်ယူ ဖြည်‌့တင်းရန်အတွက် ကျပ် (၂)သိန်းကို လှူဒါန်းခဲ့ပြီး ကျေးရွာအတွင်း ပြုပြင်ပြီး လူနေအိမ်များနှင်‌့  ထပ်မံပြင်ဆင်ပေးရန် လိုအပ်သော လူနေအိမ်အချို့အား တာဝန်ရှိသူများ နှင်‌့အတူ ကြည်‌့ရှု၍ ထပ်မံစိစစ်ထောက်ပံ့နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးစိုးအောင် နှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မကွေးတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် ပွင့်ဖြူမြို့နယ် ကပြည့်ကျေးရွာသို့ သွားရောက်ခဲ့ရာ ရပ်ရွာလူထုနှင့် တွေ့ဆုံ၍ သဘာဝကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး အုပ်ချုပ်ရေးမှူးက ၂၀၁၇ ခုနှစ် မတ်လ တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လူနေအိမ် (၁၀၀) လုံး လေပြင်းတိုက်ခတ်ဒဏ် ခံနိုင်ရေး အတွက် ရံပုံငွေများကို ထောက်ပံ့ပေးခဲ့သဖြင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူပြုပြင်ခြင်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာလူထု၏ ဆွေးနွေးတင်ပြချက်အရ ဒုတိယဝန်ကြီးက အသက် (၉၀) နှင့်အထက် အဖွား (၅) ဦးအတွက် သက်ကြီးလူမှုရေးပင်စင်များ ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ကျေးရွာအုပ်စုအတွင်း ဆင်းရဲနွမ်းပါးသော အမျိုးသမီးအိမ်ထောင်ဦးစီးများ ရင်းနှီးလုပ်ကိုင် ရောင်းဝယ်ဖောက်ကားရန်အတွက် ရင်းနှီး မတည်ငွေအဖြစ် အရင်းမပျောက် မတည်ထောက်ပံ့ငွေ ကျပ်(၆)သိန်း တိတိ အား ကျေးရွာအုပ်ချုပ်ရေးမှူးသို့လည်းကောင်း၊ အသက် (၇၀/၈၀) ကျော် အဖွား (၂) ဦး ဆေးဝါးကုသရန် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးခဲ့ပြီး ရှေးဦးအရွယ် ကလေးသူငယ်များ ပြုစုစောင့်ရှောက်ပေးသည့်မိခင်ဝိုင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို စီစဉ် ဆောင်ရွက်ပေးခဲ့ပြီး ‌လေ‌ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးအတွက်  ကျေးရွာအတွင်းလှည်‌့လည်ကြည်‌့ရှု၍ ကြိုတင်ပြင်ဆင်ရန် ထပ်မံ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကျေးရွာလူထုနှင်‌့  ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း   သတင်းရရှိပါသည်။

Source:  MSWRR

Sign Up

Upcoming Events