လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၈)ရက်နေ့တွင် ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၂)ဦးအတွက် family kits (၂၆)မျိုးပါ (၂)ပုံး၊ ပလတ်စတစ်ပုံး (၂)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၂၅၂၀၀/-)ကျပ်တို့အား (၃၀-၁-၂၀၁၈)ရက်နေ့တွင် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး (ကဆရ)