
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ (၃-၂-၂၀၁၈) ရက်နေ့၊ ည (၂၂:၅၀)နာရီအချိန်တွင် ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၄၃) ဦးအတွက် မိုးကောင်းမြို့သာသာနာ့ဗိမာန်၌ တီရှပ် (၁)ထည်၊ တဘက်(၁)ထည်၊ ဆပ်ပြာ (၁)တောင့်၊ ဆန်ရိက္ခာ (၇) ရက်စာ (၂၁၀၀)ကျပ်နှင့် ရထားလက်မှတ်ခ စုစုပေါင်း (၅၆၇၀၀/-)ကျပ်တို့အား (၄-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး