Author Archives: Aye Kyimann
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၈)ရက်နေ့တွင် မအူပင်မြို့နယ်၊ ကဝက္ကင်းကျေးရွာအုပ်စု ကဝက္ကင်းကျေးရွာတွင် ပြည်သူ (၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေလုပ်သားများအတွက် ကွင်းတားငါးဖမ်းပိုက်များ ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ အမှန်ကယ်လိုအပ်လျက်ရှိသော ရေလုပ်သားများအတွက် ကွင်းတားငါးဖမ်း ပိုက်များပေးအပ်ခဲ့ရာ ကြိမ်နီတောင်ကျေးရွာအတွက် (၁၁)ခု၊ ကမားချောင်းကျေးရွာအတွက် (၁၀)ခုနှင့် အုန်းတော ကမ်းကျေးရွာ အတွက် (၁၀) ခု စုစုပေါင်း (၃၁)ခုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် ကော့သောင်း၊ ဘုတ်ပြင်းမြို့အလယ်မန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုတစ်စုမှ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၄၇၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀/-)ကျပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၂-၂၀၁၈)ရက်နေ့တွင် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာတွင် ရွာသူ၊ ရွာသား (၂၀၀)ဦးနှင့် ကမာဘီကျေးရွာတွင် ရွာသူ၊ ရွာသား(၅၀)ဦးတို့အား သဘာဝ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ ဖြန့်ဝေပေးခြင်းနှင့် မုန့်များ၊ ရေသန့် ဘူးများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းရသောပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈)နေ့တွင် ဟင်္သာတမြို့နယ်၊ ခြင်ဘို့ကျေးရွာအုပ်စု၊ ကျောက်ရဲကျေးရွာ၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၇)လုံး၊ အိမ်ထောင်စု (၂၇)စု၊ လူဦးရေ (၁၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ (၂၇) အိမ်ထောင်စာ (ပစ္စည်းတန်ဖိုး- ၄၉၉၇၇၀ ကျပ်)အား (၁၅-၂-၂၀၁၈)ရက်နေ့တွင် ဘေးဖြစ်ပွားရာနေရာသို့ ကွင်းဆင်းကာဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
-
ပြောင်းရွှေ့တဲအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈)ရက်နေ့တွင် နန်စီပွန်ရတနာ နယ်မြေရှိ ရေမဆေးကျောက်ရှာဖွေသူများအား ပြန်လည်နေရာချထားပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြောင်းရွှေ့တဲအိမ် (၂၄)လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၇၂၀၀၀၀/-) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈)ရက်နေ့တွင် ဦးပဉ္ဇဇင်း ဦးဥတ္တမသည် ရန်ကုန်မြို့ ကျောက်တိုင်(စိစစ်ဆဲ)စာသင်သံဃာတော်သည် ၎င်း၏ဇာတိဖြစ်သော နမ့်ဆန်မြို့နယ်၊ ကိုက်တိုင် ကျေးရွာ ရှိ မိဘများထံလာရောက်လည်ပတ်ခဲ့ပြီး ကျောက်မဲမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ နယ်မြေရဲစခန်း၏ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ မန်ခေါက်ကျေးရွာအုပ်စု ခုံငင်းရွာနှင့် ပုံးလုံအုပ်စု နမ့်မန်းရွာအကြားအရောက်၌ မိုင်း(၁)လုံး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် ဦးပဉ္ဇဇင်းဦးဥတ္တမအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲအခမ်းအနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၂-၂၀၁၈) ရက်နေ့တွင် ကွမ်းစလန်း အုပ်စု၊ ကွမ်းစလန်းကျေးရွာ၊ ကျောက်မဲမြို့နယ်နေသူ အိုက်သိန်း (ခ)ထွန်းသိန်းသည် မိဘပိုင်လက်ဖက်ခြံသို့ သွားရောက်၍ ပေါင်းပင် များရှင်းလင်းပြီး ကျေးရွာသို့ပြန်လာစဉ် ကွမ်းစလန်းကျေးရွာ၏မြောက်ဘက် (၁)မိုင်ခန့်အကွာ လမ်း၏ ယာဘက်မှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသည့် အိုက်သိန်းအား (၁၅-၂-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထောက်ပံ့မှုပေးအပ်ပွဲ အခမ်း အနား၌ (၅၀၀၀၀/-)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးသားကျေးရွာ အုပ်စု၊ အလယ်ရွာ(၁၂-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သည့်မီးဘေးသင့်(နှစ်ထပ်သွပ်မိုးပျဉ်ထောင်)နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀/-)ကျပ်နှုန်းဖြင့် (၈၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ကတ္တူပုံးပါ (၂)ပုံးနှင့် Family Kits (၂)ပုံးတို့အား (၁၄-၂-၂၀၁၈)ရက် နေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈)ဖွင့်လှစ်ကျင်းပမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈)ရက်နေ့၊ နံနက် (၀၉း၀၀)နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၁/၂၀၁၈) အခမ်းအနားအား တောင်ငူ မြို့ခပေါင်းခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ချမ်းငြိမ်းသူ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိ၊ ရပ်ဖများ NGO များနှင့် သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်းလူဦးရေ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ သင်တန်း ကာလမှာ (၁၄-၂-၂၀၁၈)ရက်နေ့မှ … Read more
