မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးသားကျေးရွာ အုပ်စု၊ အလယ်ရွာ(၁၂-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သည့်မီးဘေးသင့်(နှစ်ထပ်သွပ်မိုးပျဉ်ထောင်)နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀/-)ကျပ်နှုန်းဖြင့် (၈၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ကတ္တူပုံးပါ (၂)ပုံးနှင့် Family Kits (၂)ပုံးတို့အား (၁၄-၂-၂၀၁၈)ရက် နေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:    ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events