Author Archives: Aye Kyimann

  • ငလျင်အသိပညာပေး ဆွေးနွေးဟောပြောပွဲပြုလုပ်မှု သတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့၊ (၁၀း၃၀) နာရီ အချိန်မှ (၁၁း၃၀)နာရီအချိန်ထိ မော်လိုက်မြို့နယ်၊ ရှားပင်ကျေးရွာ ဓမ္မာရုံတွင် ကျေးရွာသူ၊ ကျေးရွာသား (၇၅)ဦးအား ငလျင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာ (၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား တောင်ကြီး တက္ကသိုလ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ငလျင်အသိပညာပေးဟောပြောခြင်း ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ဟောပြောခြင်း တက္ကသိုလ်ကျောင်းသား/သူများမှ ကွင်းပြင်တွင် နေရာယူမှု သရုပ်ပြသခြင်း၊ မီးသတ်နှင့် ကြက်ခြေနီတို့မှ ရှာဖွေ ကယ်ဆယ်ခြင်း ရှေးဦးပြုစုခြင်းများအား သရုပ်ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ UN, NGO, INGO နှင့် လူမှုရေးအသင်းအဖွဲ့များ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အင်အား … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ တောင်ကြီးပညာရေးကောလိပ်၌ လူဦးရေ(၇၀၀)ခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြသခြင်းများဆောင်ရွက်ခြင်း၊ ငလျင်ပညာပေးမေးခွန်းတိုများမေးမြန်းခြင်း၊ အသိပညာပေး ပြခန်းပြသခြင်းနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/သူများမှ ငလျင်ဇာတ်တိုက်လေ့ကျင့်နေရာယူခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source:   ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြောင်းရွှေ့တဲအိမ်များအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နန်စီပွန်ရတနာနယ်မြေရှိ ရေမဆေးကျောက်ရှာ ဖွေသူများအား ပြန်လည်နေရာချထားပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၂၄-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့တဲအိမ် (၁၂)လုံးအတွက် တစ်တဲလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၆၀၀၀၀/-) ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ခန္တီးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

    ၂၃-၂-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးပြည်ထောင်စု စီမံကိန်း (UEHRD)၏  လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ၊ ဦးရုံးမူ နှင့်အဖွဲ့မှ  လှူဒါန်းငွေကျပ် သိန်း(၅၀၀၀)ကို ယနေ့နေ့လည်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:    MSWRR

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အလယ်ရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဆိပ်ကမ်းသာလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈)အိမ်ထောင်စုစာနှင့် ဘေးသင့်ပြည်သူ(၂၇)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ်တို့အား (၂၃-၂-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၈)ရက်နေ့တွင် ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု ရဟိုင်ကူးတို့ကျေးရွာ၌ မီးဘေးသင့် အိမ်ခြေ (၂၅)လုံးမှ အိမ်ထောင်စု(၂၆) တွင် လုံးဝပျက်စီး အိမ်ခြေ(၁၃) လုံးမှ အိမ်ထောင်စု(၁၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၃)စုစာ တန်ဖိုးငွေ (၃၆၅၉၈၉/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၅၀၀၀၀၀/-)ကျပ်၊ မီးတားကြိုတင်ဖြိုဖျက် အိမ်ခြေ(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ တန်ဖိုးငွေ(၁၂၉၇၂၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး အိမ်ထောင်စု(၂၆)စု လူဦးရေ(၉၂)ဦး အတွက် (၁၉၃၂၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ( ၃၃၈၈၉၀၉/-)ကျပ်တို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာချမ်းသာဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more

Sign Up

Upcoming Events