
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၂-၂၀၁၈)ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ အလယ်ရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ဆိပ်ကမ်းသာလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈)အိမ်ထောင်စုစာနှင့် ဘေးသင့်ပြည်သူ(၂၇)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၅၆၇၀၀/-) ကျပ်တို့အား (၂၃-၂-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)