မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

24_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၈)ရက်နေ့တွင် ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု ရဟိုင်ကူးတို့ကျေးရွာ၌ မီးဘေးသင့် အိမ်ခြေ (၂၅)လုံးမှ အိမ်ထောင်စု(၂၆) တွင် လုံးဝပျက်စီး အိမ်ခြေ(၁၃) လုံးမှ အိမ်ထောင်စု(၁၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု(၁၃)စုစာ တန်ဖိုးငွေ (၃၆၅၉၈၉/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၅၀၀၀၀၀/-)ကျပ်၊ မီးတားကြိုတင်ဖြိုဖျက် အိမ်ခြေ(၁၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၆)မျိုး၊ အိမ်ထောင်စု(၁၂)စုစာ တန်ဖိုးငွေ(၁၂၉၇၂၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး အိမ်ထောင်စု(၂၆)စု လူဦးရေ(၉၂)ဦး အတွက် (၁၉၃၂၀၀/-)ကျပ် စုစုပေါင်းတန်ဖိုးငွေ( ၃၃၈၈၉၀၉/-)ကျပ်တို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးနှင့်ကျန်းမာရေးဝန်ကြီး ဒေါက်တာချမ်းသာဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့မိမြို့ဖများ၊ အခြား ဌာနဆိုင်ရာများနှင့်အတူ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာသို့ကွင်းဆင်း၍ (၂၃-၂-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events