Author Archives: Aye Kyimann

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

      ========================== (၂၀၁၈ ခုနှစ်၊ မေလ (၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)   (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုတ္တမကွေ့အနီးတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။ (ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    =======================   (၂၀၁၈ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး၊ နောက် (၃၆)နာရီ အတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင် သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

  • ပွင့်ဖြူမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၁၂) ရွာတို့တွင် (၂၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၈၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၁၀,၀၀၀ိ/-)ကျပ်၊  လူဦးရေ (၃၃၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၀၃,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၁၃,၅၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၈၇)စုစာတို့အား (၃၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မင်းဘူးမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာ (၇)ရွာ တို့တွင် (၂၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၈၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီး ကျောင်း (၂)ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၁၂၁) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၄,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၄၃၄,၁၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ … Read more

  • ရေနံချောင်းမြို့နယ် လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၄) ရွာတို့တွင် (၂၈-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၇၀,၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီး ကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၃၈,၆၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၀၀၈,၆၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၁၇)စုစာတို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2018 … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၄.၂၀၁၈)ရက်နေ့တွင်လေပြင်း တိုက်ခတ်မှုကြောင့် မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာအုပ်စု၊ ဇွန်းကျကျေးရွာတွင် နေအိမ်(၅)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၁၃)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၂၇၃၀၀ိ/-၊ နေအိမ် (၅)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး ၃၀၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၃၂၇၃၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၅)အိမ်ထောင် စာတို့ကို (၃၀.၄.၂၀၁၈)ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၄.၂၀၁၈)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ တပ်ကျေးရွာ အုပ်စု၊ တပ်ကျေးရွာတွင် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦး ဘေးသင့့်ခဲ့ရာ ဘေးသင့်လူဦးရေ(၁၂)ဦး အတွက်ဆန်ရိက္ခာဖိုး(၇)ရက်စာ ၂၅၂၀၀ိ/-၊ နေအိမ်(၂)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၀၀၀၀၀ိ/-၊ ရန်ပုံငွေစုစုပေါင်း ၁၂၅၂၀၀ိ/- နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး (၂)အိမ်ထောင်စာတို့ကို (၃၀.၄.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr2018

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ သောင်ဇားကျေးရွာအုပ်စု၊ ဝက်ကျွန်းကျေးရွာတွင် (၂၄.၄.၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၂၀၀၀၀၀ိ/-)တစိတ်တပိုင်းပျက်စီးဆုံးရှုံးနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၁၀၀၀၀ိ/-)လူဦးရေ ကျား(၂၁)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်းလူဦးရေ (၄၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၈၆၁၀၀ိ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၉၆၁၀၀ိ/-)(ကျပ်လေး သိန်းကိုးသောင်းခြောက်ထောင့်တစ်ရာတိတိ)တို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မအူပင်ခရိုင်/မြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၃၀.၄.၂၀၁၈)၇က်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_apr2018

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့အမှတ် (၂)ရပ်ကွက် ရွှေတုံးရပ် မြနန္ဒာလမ်း၌ (၂၉-၄-၂၀၁၈)ရက်နေ့ ဖြစ်ပွားသည့် မီးဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၁)လုံးနှင့် မီးဘေးတားကြိုတင် ဖြိုဖျက်အိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၇၅၀၀ိ/-) ဘေးသင့်ပြည်သူ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၀၅၀၀ိ/-) တို့အား (၃၀-၄-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #rke_apr2018

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ သန္ဓေပင်ရပ် (၂၉.၄.၂၀၁၈)နေ့ မီးဘေးသင့်နေအိမ်(၃) ကြိုတင်ဖြိုဖျက်အိမ်(၁)လုံး၊ အိမ်ထောင်စု(၅)စု၊ ယင်းမှလူဦးရေ(၂၃)ဦးနှင့် ဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးတို့အတွက် ထောက်ပံ့ရေးပစ္စည်း(၁၄)မျိုး ပလပ်စတစ်ပုံးအပါ (၅)အိမ်ထောင်စုစာအား (၂၉.၄.၂၀၁၈)နေ့တွင်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့်ဒဏ်ရာရထောက်ပံ့၊ စုစုပေါင်း(၆၈၇၈၀၀ိ/-)အား (၃၀.၄.၂၀၁၈)နေ့လည်းကောင်း ပြည်မြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #bgo_ha_fir

Sign Up

Upcoming Events