
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျေးရွာ (၁၂) ရွာတို့တွင် (၂၈-၄-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျနေအိမ် (၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၈၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၁၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၃၃၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၇၀၃,၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၅၁၃,၅၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၈၇)စုစာတို့အား (၃၀-၄-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#mgy_ha_sgw
#mgy_apr2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)