Author Archives: Aye Kyimann

  • သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေး မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၁၈)ရက်နေ့ နံနက် (၀၈:၃၀)နာရီမှ (၀၉း၃၀)နာရီထိ မိုင်းတုံမြို့နယ်၊ ဝမ်မိုင်ရပ်ကွက်တွင် တက်ရောက်သူ (၆၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ ငလျင်၊ ငလျင်လှုပ်ခတ်စဉ်အတွင်းဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ နေထိုင်ရမည့်အနေအထား အား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၁၈)ရက်နေ့ ညနေ (၁၅း၀၀)နာရီမှ (၁၆း၃၀)နာရီထိ မိုင်းတုံမြို့နယ်၊ မိုင်းတုံမြို့မရပ်ကွက်တွင် တက်ရောက်သူ  (၅၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခြင်း ၊ငလျင်ဘေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၁၈)ရက်နေ့ (၁၃း၀၀)နာရီချိန်မှ (၁၄း၃၀)နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ၌ ကျေးရွာသူ/ကျေးရွာ သားလူဦးရေ(၁၀၀)ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ပေါင်မုန့်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_may2018

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါးမြာကြီး ကျေးရွာအုပ်စု၊ ငါးမြာကြီးကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လေဘေး သင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး ဆန်ရိက္ခာ(၇)ရက်စာ(၁၆၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-)၊ စုစုပေါင်း(၁၁၆၈၀၀ိ/-)အားလည်းကောင်း၊ ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့(၁၈း၁၅)အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)၊ လူဦးရေ(၆)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၁၂၆၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၀၀၀၀ိ/-)အားလည်းကောင်း၊ လေးယာပြည့်ကျေးရွာ အုပ်စု၊ လေးယာပြည့်ကျေးရွာ၌ (၈.၅.၂၀၁၈)ရက်နေ့ (၁၈း၁၅)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြိုကျအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၅.၂၀၁၈)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ သွပ်မိုးထရံကာမြေစိုက် နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးတို့ အတွက် ကဆရ (၁၇)မျိုးနှင့် (၃၂)မျိုးပါ Relief Kit (၁)ပုံး (၁)အိမ်ထောင်စုစာ၊ မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၂)ဦးအတွက် (၄၂၀၀/-) ကျပ်တို့အား (၉.၅.၂၀၁၈)နေ့  (၁၅:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_may2018 Source:    ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း

    အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၁၈) ရက်နေ့ နံနက် (၈း၀၀)နာရီ တွင် ကန့်ဘလူမြို့၊ အ.ထ.က(၁)တွင် မွမ်းမံသင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ စုစုပေါင်း (၁၅၀)ဦးခန့်အား ငလျင်အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်နှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2018 Source:    စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ (၈-၅-၂၀၁၈)နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် လယ်ဝေးမြို့နယ် လယ်တာကြီးအုပ်စု ချောင်းမငယ်ကျေးရွာ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) တစ်စိတ်တစ်ပိုင်းပျက်စီး(၄)အိမ်အတွက် (၅၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀၄၀၀ိ/-)၊ စုစုပေါင်း (၂၀၅၄၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)အိမ်ထောင်စာနှင့် (၁၀)မျိုး(၄)အိမ်စာတို့အား (၉.၅.၂၀၁၈)နေ့ (၁၅း၃၀)အချိန်ခန့်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးမှုသတင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ (၄-၅-၂၀၁၈)နေ့တွင်  မန်ဆာလုံကျေးရွာနှင့် မန်ဆာအွမ်ကျေးရွာ အကြား SSPP အဖွဲ့နှင့် TNLA အဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၁၇၃)စု၊ လူဦးရေ(၅၈၃)ဦးတို့သည် နမ္မတူမြို့နယ်၊ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်းဘုန်းတော်ကြီးကျောင်းများသို့ (၇-၅-၂၀၁၈)နေ့တွင် ရောက်ရှိခိုလှုံလျက်ရှိပါကြောင်းနှင့်အဆိုပါ ပြောင်းရွှေ့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုလုပ်ငန်းများကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍  ဆောင်ရွက်ပေးလျက်ရှိရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာဖိုးငွေ (၁,၂၂၄,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁၇၃)အိမ်ထောင်စာတို့ကို (၈-၅-၂၀၁၈)နေ့နှင့် (၉-၅-၂၀၁၈)နေ့တို့တွင် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေဘေးထောက်ပံ့ပေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၊ သက္ကယ်ကျင်းကျေးရွာတွင် (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် အိမ်ခြေ (၂၅)လုံး၊ အိမ်ထောင်စု(၂၅)စု၊ လူဦးရေ (၇၉)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၁၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၆၅၉၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၈၇၅၉၀၀ိ/) (ကျပ်ရှစ်သိန်းခုနှစ်သောင်းငါးထောင့်ကိုးရာတိတိ)တို့အား (၉-၅-၂၀၁၈) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2018 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events