
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ပန်ခန်းကျေးရွာအုပ်စု၊ မန့်ပိန်းရပ်ကွက်တွင် (၁၂-၅-၂၀၁၈) ရက်နေ့နံနက် (၅)နာရီ (၁၅) မိနစ်ခန့်တွင် ကေအိုင်အေ/ တီအန်အယ်လ်အေ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်(၁)ဦး၊ ပြည်သူ့စစ် (၄)ဦး၊ ပြည်သူ (၁၄)ဦး စုစုပေါင်း (၁၉) ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ (၂၇) ဦး တို့ ဒဏ်ရာရရှိခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ အခြားသက်ဆိုင်ရာဌာန များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ သေဆုံးရဲတပ်ဖွဲ့ဝင် (၁)ဦးအတွက် ငွေကျပ် (၃၀၀,၀၀၀/-)နှင့် ဒဏ်ရာရရဲတပ်ဖွဲ့ဝင် (၃)ဦးအတွက် ငွေကျပ် (၁၅၀,၀၀၀/-) စုစုပေါင်း ငွေကျပ် (၄၅၀၀၀၀/-) ကို မူဆယ်မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံး၌ (၁၃-၅-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်းနှင့် ကျန်ရှိသော သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ အတွက် (၁၄-၅-၂၀၁၈) နေ့တွင် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: DDM
#otr
#shn_may2018