လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးမှုသတင်း

10_Pic_01 10_Pic_02
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ (၄-၅-၂၀၁၈)နေ့တွင်  မန်ဆာလုံကျေးရွာနှင့် မန်ဆာအွမ်ကျေးရွာ အကြား SSPP အဖွဲ့နှင့် TNLA အဖွဲ့တို့  တိုက်ပွဲများဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၁၇၃)စု၊ လူဦးရေ(၅၈၃)ဦးတို့သည် နမ္မတူမြို့နယ်၊ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်းဘုန်းတော်ကြီးကျောင်းများသို့ (၇-၅-၂၀၁၈)နေ့တွင် ရောက်ရှိခိုလှုံလျက်ရှိပါကြောင်းနှင့်အဆိုပါ ပြောင်းရွှေ့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ကူညီမှုလုပ်ငန်းများကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍  ဆောင်ရွက်ပေးလျက်ရှိရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဆန်ရိက္ခာဖိုးငွေ (၁,၂၂၄,၃၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁၇၃)အိမ်ထောင်စာတို့ကို (၈-၅-၂၀၁၈)နေ့နှင့် (၉-၅-၂၀၁၈)နေ့တို့တွင် ထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr
#shn_may2018

Sign Up

Upcoming Events