
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၅.၂၀၁၈)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ သွပ်မိုးထရံကာမြေစိုက် နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စု လူဦးရေ(၂)ဦးတို့ အတွက် ကဆရ (၁၇)မျိုးနှင့် (၃၂)မျိုးပါ Relief Kit (၁)ပုံး (၁)အိမ်ထောင်စုစာ၊ မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ (၂)ဦးအတွက် (၄၂၀၀/-) ကျပ်တို့အား (၉.၅.၂၀၁၈)နေ့ (၁၅:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kcn_may2018
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)