Author Archives: Aye Kyimann

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)ရက်နေ့ နံနက်(၀၉း၀၀)နာရီမှ (၁၁း၀၀)နာရီထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း အုပ်ဆရာ၊ ဆရာမကြီးများ၊ မွမ်းမံသင်တန်းတက်နေသည့်ဆရာ၊ ဆရာများစုစုပေါင်း(၃၅၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် သဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုသတင်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် (၇-၅-၂၀၁၈)နေ့မှစ၍ မိုင်းရင် ဘုန်းတော်ကြီးကျောင်းနှင့် ဝိန်းနန်း ဘုန်းတော်ကြီးကျောင်းများသို့ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိ ခိုလှုံလျက်ရှိပါသည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင် ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိရာ (၁၀-၅-၂၀၁၈)နေ့နှင့် (၁၁-၅-၂၀၁၈)နေ့တို့ တွင် ထပ်မံရောက်ရှိလာသည့် အိမ်ထောင်စု(၇၆)စု၊ လူဦးရေ(၂၃၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၄၈၃၀၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၇၆)အိမ်ထောင်စာ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် (၇-၅-၂၀၁၈)နေ့မှ (၁၂-၅-၂၀၁၈)နေ့အထိ ပစ္စည်းနှင့်ငွေသားတန်ဖိုးငွေစုစုပေါင်း (၇၂၂၃၃၉ရိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း နှစ်သောင်းသုံးထောင်သုံး … Read more

  • မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သပြေငူကျေးရွာတွင် (၁၄.၅.၂၀၁၈)ရက်နေ့ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစိတ်တပိုင်း ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ(၅၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၄၂၀၀ိ/-) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (ကျပ်ငါးသောင်းလေးထောင့်နှစ်ရာတိတိ)တို့အား  မအူပင်မြို့နယ်ထွေ/အုပ်မှ တာဝန်ရှိသူများနှင့်အတူ (၁၆.၅.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မိုးကြိုထိမှန်သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျုုာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈)ရက်‌‌နေ့ (၁၄း၃၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ ကျွဲသလင်‌းရွာမ‌ကျေးရွာ‌နေ မောင်ဝဏ္ဏ‌အောင်အသက်(၁၃)နှစ်၊ ဆဌမတန်‌‌းအောင် ကျောင်‌းသားသည် အစ်ကိုဝမ်‌းကွဲများဖြင်‌့ လယ်ထွန်‌‌နေရာတွင်ရှိ‌နေစဉ် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ခြင်‌းအတွက် သေဆုံးသူ၏ဖခင်အား ထောက်ပံ့‌ငွေကျပ်(၃)သိန်းတိတိအား လွှတ်‌‌တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်‌‌ရေးမှူးတို့၏‌ရှေ့‌မှောက်၌ (၁၅-၅-၂၀၁၈)ရက်‌‌နေ့တွင် သွား‌ရောက်‌‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_tls #ayy_may2018 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ရပ်ကွက်(၁)ခု၊ ကျေးရွာအုပ်စု(၁၂)စု၊ ကျေးရွာပေါင်း(၅၇)ရွာတို့တွင် (၇.၅.၂၀၁၈)နေ့ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ခြေ(၃၄)လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၉)မျိုး၊ (၃၄)အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀၀ိ/-)၊ ပြိုလဲအိမ်လူဦးရေ (၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၅၄၁၀၀ိ/-) ၊ တစိတ်တပိုင်းပျက်စီး/အမိုးလန်နေအိမ်(၁၇၁)လုံးနှင့် ဘုန်း ကြီးကျောင်း (၈)ကျောင်းတို့အတွက် တန်ဖိုးသင့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၉၂၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၆၅၈၂၅၀၀ိ/-) တို့အား သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့လယ်ဓမ္မာရုံ၌ (၁၅-၅-၂၀၁၈)နေ့၊ (၁၅:၀၀)နာရီချိန်တွင် ပြည်သူလက်ဝယ်အရောက်သွားရောက်ထောက်ပံ့ခဲ့ရာ သဲကုန်းမြို့နယ်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦး၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်ပြန်ဆက်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် … Read more

  • မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကညုံရပ်မြေတိုက်ဘုန်းကြီးကျောင်း (၁၂.၅.၂၀၁၈)ရက်နေ့ မီးဘေးအတွက် သင်္ကန်းဒွိစုံ (၁)စုံ ကျောင်းဆောက်ပစ္စည်းဖိုး (၃)သိန်းအား (၁၆.၅.၂၀၁၈)နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_may2018 Source:    တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၁၈)ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျောင်းဦးအုပ်စုမြို့ကြီးကျေးရွာ ပြိုလဲနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ် (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၇၁၅၀ိ/-)ကျပ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀ိ/-)စုစုပေါင်းထောက်ပံ့ငွေ (၃၂၉၇၅၀ိ/-)နှင့် ကယ်ဆယ်ပစ္စည်း (၉)မျိုးတစ်အိမ်ထောင်စာအား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၆.၅.၂၀၁၈) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source:   ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးနှင့်တာဝန်ရှိသူများသည်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာ၊ ဘွဲ့ငူကျေးရွာ၊ ငပိဆိပ်ကျေးရွာ၊ ဒွာရစုကျေးရွာနှင့် ငါးသိုင်းချောင်းမြို့၊ သောင်ရွာကျေးရွာ၊ ကွင်းလျားကျေးရွာ၊ သောင်စုကျေးရွာတို့၌ (၁၄.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ပြိုကျနေအိမ်(၁၈)လုံး၊ အမိုးလန်နေအိမ် (၅၅)လုံး၊ အိမ်ထောင်စု (၇၃)စုမှ လူဦးရေ(၂၉၄)ဦးအတွက် Family kits (၂၆) မျိုးပါ (၁၈)ပုံး (၁၅၈၄၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅၅)ပုံး (၁၀၁၈၀၅၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ … Read more

  • ဘက်စုံဘေးကင်းလုံခြုံသောစာသင်ကျောင်းနှင့် သဘာဝဘေးလျော့ပါးရေးမွမ်းမံသင်တန်း ကျင်းပပြုလုပ်မှုသတင်း

    (၁၅-၅-၂၀၁၈)ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရာမညဟိုတယ်၌ မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆွစ်ဖွံ့ဖြိုး ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) တို့ပူးပေါင်း၍ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းနှင့် သဘာဝဘေးလျော့ပါးရေးမွမ်းမံ သင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ ဆရာ၊ ဆရာမစုစုပေါင်း (၄၇)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းကာလမှာ (၁၅-၅-၂၀၁၈)ရက်နေ့မှ (၁၆-၅-၂၀၁၈)ရက်နေ့ အထိဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2018 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    (၁၆-၅-၂၀၁၈)ရက်နေ့(၀၉း၀၀)နာရီအချိန်တွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် IOM အဖွဲ့အစည်းတို့ပူး ပေါင်း၍ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာကိုယ်စား ပြည်နယ်စီးပွားရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်မှ အဖွင့်အမှာစကား ပြောကြားပြီး ရခိုင်ပြည်နယ်ဦးစီးမှူး(ဘစမ)မှ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင် (၃၀)ဦးတက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကာလမှာ (၁၆-၅-၂၀၁၈)ရက်မှ(၁၇-၅-၂၀၁၈)ရက်ထိ (၂)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2018 Source:    ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events