
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၂၀၁၈)ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျောင်းဦးအုပ်စုမြို့ကြီးကျေးရွာ ပြိုလဲနေအိမ် (၁)လုံး၊ အမိုးလန်နေအိမ် (၃)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၁၇၁၅၀ိ/-)ကျပ် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂၆၀၀ိ/-)စုစုပေါင်းထောက်ပံ့ငွေ (၃၂၉၇၅၀ိ/-)နှင့် ကယ်ဆယ်ပစ္စည်း (၉)မျိုးတစ်အိမ်ထောင်စာအား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၆.၅.၂၀၁၈) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2018
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)