Author Archives: Aye Kyimann
-
ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကျိုင်းတုံမြို့နယ်၊ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ ခရိုင်မှ တပ်ဖွဲစုမှူး၊ ဒုရဲမှူးကျော်ဇော်အောင်အဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ (၂၉.၅.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအထိ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု၊ ယန်းခကျေးရွာနေ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မောင်တောမြို့နယ်၊ လှဖိုးခေါင်ကြားစခန်းရှိ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက်လာသူ များအား သွားရောက်တွေ့ဆုံမှုသတင်း
စစ်တွေ မေ ၂၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်ဖြင့် ထွက်ခွာခဲ့ကြပြီး ထိုမှတဆင့် မော်တော်ယာဉ်ဖြင့် မောင်တောမြို့နယ်ရှိ လှဖိုးခေါင်ကြားစခန်းသို့ရောက်ရှိပြီး တဖက်နိုင်ငံမှ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင်ရောက် လာသူများအား သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျလက်ခံခြင်း ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ပြန်လည် နေရာချထားရေးအစီအစဉ်ကိုလည်း နှစ်နိုင်ငံသဘောတူညီချက်တွင်ပါရှိသည့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပြန်လည် ဝင်ရောက်လာသူများတွင် … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃)၊၂၀၁၈
၂၀၁၈ ခုနှစ်၊ မေလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန =============================================== မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မာန်အောင်မြို့၏ အနောက်ဘက်မိုင် (၄၀)ခန့်၊ စစ်တွေမြို့၏ တောင်ဘက် မိုင်(၈၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက် တောင်ဘက်မိုင်(၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါ သည်။ အဆိုပါ မုန်တိုင်း … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂၆/၂၇-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် အိမ်ခြေ(၂၁)လုံး၊ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၉၁)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၇၂၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၉၁၁၀၀ိ/-)ကျပ်၊ စုစုပေါင်း(၉၁၁၁၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား (၂၈-၅-၂၀၁၈) ရက်နေ့တွင် မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2018 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
” မိုးကြီးမည့် သတိပေးချက် “
(၂၀၁၈ ခုနှစ်၊ မေလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ======================================== မိုးကြီးမည့် သတိပေးချက် အမှတ်စဉ်(၀၇/၂၀၁၈) (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက် မိုးကြီးခြင်းများဖြစ်ပေါ်မည်။ … Read more
-
မုန်တိုင်းငယ်သတိပေးချက်
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၈ မုန်တိုင်းငယ်အခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ သံတွဲမြို့၏ အနောက်- အနောက်တောင်ဘက် (၁၂၈)မိုင်ခန့်၊ စစ်တွေမြို့၏ တောင်- အနောက်တောင်ဘက် (၁၂၅)မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၁၁၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် … Read more
-
လေဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၁)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ အမိုးလန်အိမ်ခြေ (၁၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးတို့အား (၂၈-၅-၂၀၁၈) ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခြင်းအား လည်းကောင်း၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးမှူးရုံးတို့နှင့် ပူးပေါင်း၍ ကော့သောင်းအကျဉ်းထောင်၌ (၂၇-၅-၂၀၁၈)ရက်နေ့၊ (ဝရး၀၀)နာရီမှ (၁၀း၀၀)နာရီအထိ အကျဉ်းထောင်ဝန်ထမ်းမိသားစု (၅၅)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် လက်တွေ့သရုပ်ဖော်လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_may2018 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးမြို့နယ် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာ(၄)ရွာတွင် (၂၂/၂၃-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော အမိုးလန်နေအိမ် (၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၅၀,၀၀၀ိ/-)ကျပ်၊လူဦးရေ (၁၀၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၂,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၂,၁၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၂၆)စုစာတို့အား (၂၅-၅-၂၀၁၈)ရက်နေ့ (၁၁း၃၀)အချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_may2018 Source: … Read more
-
စလင်းမြို့နယ်တွင် ကမ်းပြိုဘေးနှင့် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတို့တွင် (၂၂-၅-၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ(၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၃၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၄၈,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၆၄၈,၆၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၃၃)စုစာတို့အားလည်ကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကျေးရွာ(၅)ရွာတွင် (၂၄-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)ကျပ်၊လူဦးရေ(၈၅)ဦးအတွက် (၁၇၈၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၂၈,၅၀၀/-)ကျပ်၊လေဘေးကြောင့် ဒဏ်ရာရသူ(၁)ဦးအတွက် … Read more
