လေဘေးထောက်ပံ့ပေးမှုသတင်း

28_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီး မှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးရုံးမှ တာဝန်‌ရှိသူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၂၆-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ်(၁)လုံး၊ အမိုးလန်အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၂)စု၊ လူဦးရေ(၅၁)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀ိ/-)ကျပ်၊ ပြိုကျပျက်စီး နေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၅)မျိုး၊ အမိုးလန်အိမ်ခြေ (၁၁)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးတို့အား (၂၈-၅-၂၀၁၈) ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခြင်းအား လည်းကောင်း၊ ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများတွင် (၂၆-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုး လန်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၉)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ထိခိုက်ဒဏ်ရာရသူ(၁)ဦးအတွက် ဆေးရုံတက်ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်တို့အား ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2018
Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး/ရေစကြိုမြို့နယ်ဦးစီးရုံး (ဘစမ)

Sign Up

Upcoming Events