
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျေးရွာ(၄)ရွာတွင် (၂၂/၂၃-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့ သော အမိုးလန်နေအိမ် (၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂၀,၀၀၀ိ/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက်
ကျောင်းဆောက်ပစ္စည်းဖိုး (၅၀,၀၀၀ိ/-)ကျပ်၊လူဦးရေ (၁၀၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၂,၁၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၂,၁၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၂၆)စုစာတို့အား (၂၅-၅-၂၀၁၈)ရက်နေ့ (၁၁း၃၀)အချိန်တွင် ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)