စလင်းမြို့နယ်တွင် ကမ်းပြိုဘေးနှင့် လေဘေးထောက်ပံ့မှုသတင်း

25_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ကျေးရွာ(၃)ရွာတို့တွင် (၂၂-၅-၂၀၁၈)ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် အိမ်ခြေ(၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၃၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၆၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၄၈,၆၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၆၄၈,၆၀၀ိ/-)ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ အိမ်ထောင်စု (၃၃)စုစာတို့အားလည်ကောင်း၊ ဆက်လက်၍ စလင်းမြို့နယ်၊ ကျေးရွာ(၅)ရွာတွင် (၂၄-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၅၀၀၀၀ိ/-)ကျပ်၊ အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-)ကျပ်၊လူဦးရေ(၈၅)ဦးအတွက် (၁၇၈၅၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၂၈,၅၀၀/-)ကျပ်၊လေဘေးကြောင့် ဒဏ်ရာရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ထောင်စု(၃)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု(၁၅)စုစာတို့အား (၂၅-၅-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe_sgw
#mgy_may2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events