Author Archives: Aye Kyimann
-
လေဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ (၂၉.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်(ပံတပွတ်၊ ဝါးတော)အုပ်စု၊ကျေးရွာခွဲ(၄)ရွာ၌ ပြိုကျနေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀၀ိ/-) အမိုလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၅၀၀၀၀ိ/-) စုစုပေါင်းလူဦးရေ(၆၄)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၃၄၄၀၀ိ/-)စုစုပေါင်ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၄၀၀ိ/-)(ကျပ်တစ်ဆယ်သိန်းရှစ်သောင်းလေးထောင့်လေးရာတိတိ)နှင့် (ကျုံဝါး၊ ပေကုန်း၊ မင်းဘော) အုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ လေလေဘေးကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-) အမိုးလန်နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၇၀၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇၃၅၀၀ိ/-) စုစုပေါင်း … Read more
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရုံးကြီးလမ်းပေါ်ရှိ ပြည်နယ်ဘေးစီမံရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး(ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်း၌ သင်တန်းသား ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၅)ဦးအား တာဝန်ရှိသူများမှ သင်ခန်းစာများ ဆွေးနွေးဟောပြောခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာကြာမြင့်မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် (၂၂-၆-၂၀၁၈)ရက်နေ့ နံနက်(၀၈:၀၀) အချိန်မှ (၁၀:၃၀)အချိန်ထိ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ(၃၀၀)ခန့် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_simex_fld #npw_jun2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျံပျော်မြို့နယ်၊ ရှားခဲကျေးရွာအုပ်စု၊ ကုန်းဘောင်ရိုးကျေးရွာတွင် (၂၁-၆-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် အမိုးအနည်းငယ်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)ပုံး (၁၈၅၁၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၄၇၀၀ိ/-) အား (၂၂-၆-၂၀၁၈)ရက်နေ့ (၁၆း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_sgw … Read more
-
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပမှုသတင်း
ဇွန်၂၂ နေပြည်တော် ၂၂-၆-၂၀၁၈ ရက်နေ့၊ နံနက်(၀၉း၃၀)နာရီမှ (၁၁း၃၀)နာရီအထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေး ခန်းမ၌ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားရာတွင် ၁၉၉၅ ခုနှစ်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံသို့ မြန်မာကိုယ်စားလှယ်များသည် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့ပါကြောင်း၊ ယင်းညီလာ … Read more
-
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ ဇွန် ၂၀ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေထူထောင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ယနေ့ နေ့လယ်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် လူတိုင်းရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက် ရေး၊ အခြေခံလူ့အခွင့်အရေးများရရှိရေးနှင့် လွတ်လပ်စွာ လုံခြုံမှုရှိရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လုံခြုံမှုဆိုရာ၌ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအသိပညာပေးဟောပြောပွဲများကို (၂၀.၆.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ အထက(၁)၌ ပြုလုပ်ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀)ခန့်အားလည်းကောင်း ညနေပိုင်းတွင် တောင်ကြီးမြို့အထက(၃)၌ ပြုလုပ်ရာ ဆရာ/ ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၄၀၀)ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် အခြားသဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးဗွီဒီယိုပြသခြင်းနှင့် မီးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ် ခဲ့ခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးနှင့် မိုးကြိုးဘေးတို့အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတို့တွင် (၁၁/ ၁၂.၆.၂၀၁၈)ရက်နေ့တို့၌ ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၃၂၀၀၀/-)ကျပ်နှင့် (၅.၆.၂၀၁၈)နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးသင့် သေဆုံးသူ(၂)ဦးအတွက် ထောက်ပံ့ငွေ(၆၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ရန်ပုံငွေ (၇၃၂၀၀၀/-)ကျပ်တို့အား (၂၀.၆.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ha_tls #bgo_jun2018 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ ဇွန် ၂၀ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား The International Committee of the Red Cross (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Fabrizzio Carboni ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် စိန်ခေါ်မှုများအား အောင်မြင်စွာကျော်ဖြတ်နိုင်ပြီး ICRC နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ယူပါ ကြောင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ … Read more
-
သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲများပြုလုပ်လျက်ရှိရာ(၂၀.၆.၂၀၁၈)ရက်နေ့တွင် လွိုင်ကော်ကွန်ပျူတာတက္ကသိုလ်ရှိ ကျောင်းသား/ကျောင်းသူ(၁၅၇)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_jun2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
