
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ကုလားကျေးရွာတွင် (၂၂-၆-၂၀၁၈)ရက်နေ့ နံနက်(၀၈:၀၀) အချိန်မှ (၁၀:၃၀)အချိန်ထိ ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကျေးရွာနေပြည်သူများ စုစုပေါင်းလူဦးရေ(၃၀၀)ခန့် ပူးပေါင်းပါဝင်ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_simex_fld
#npw_jun2018
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)