မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

23_Pic_01 23_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ရုံးကြီးလမ်းပေါ်ရှိ ပြည်နယ်ဘေးစီမံရုံးအစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး(ဘေးစီမံ)မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သင်တန်း၌ သင်တန်းသား ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၄၅)ဦးအား တာဝန်ရှိသူများမှ သင်ခန်းစာများ ဆွေးနွေးဟောပြောခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်တာကြာမြင့်မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

#ar
#shn_jun2018
Source:   ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events