Author Archives: Aye Kyimann

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/သား (၁၈၀)ဦးအားလည်းကောင်း၊ အနန်းကုန်းကျေးရွာရှိ Church ကျောင်း၌ ကျေးရွာ သူ/သား (၁၅၀)ဦးအားလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန်များ ဟောပြောဆွေးနွေးပြီး ဘေး(၈) မျိုး လက်ကမ်းစာစောင်များ၊ မိုးကြိုးဘေး ဗွီနိုင်း ပိုစတာများ ဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2018 Source:    ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈)ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘုရားကျေးရွာ အ.လ.က(ခွဲ) စာသင် ကျောင်း၌ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျေးရွာပြည်သူလူထု (၁၅၅)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲခဲ့ပြီး လက်ကမ်းစာစောင်နှင့် မိုးကြိုးဘေးဗွီနိုင်းပိုစတာများဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_jun2018 Source:    သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့တွင် ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းအား ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၃၀၀)ဦးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_fld #sgg_jun2018 Source:    စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားဖွင့်ပွဲ၌  ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးအုန်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူမြင့်မှ ခရိုင်ရုံးဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနား တွင် (၂၀-၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူမိသားစုဝင်များအတွက် ထောက်ပံ့ကြေးငွေ (၃၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ဲကြောင်း … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့၊ စစ်ပြားကျေးရွာ အ.ထ.ကကျောင်းတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် ရပ်မိရပ်ဖစုစုပေါင်း (၁၉၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သိပညာ ပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့၊ လက်ပန်အညာရွာ အ.လ.ကကျောင်းတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၁၃၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သိပညာ ပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၃-၆-၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ နေ့လည် (၁၂း၃၀)အချိန်ထိ မြောက်ဦးမြို့နယ်၊ သဘောကျေးရွာစာသင်ကျောင်၌ ကျေးရွာသူ/သား(၁၀၅)ဦးတို့အားလည်းကောင်း နေ့လည်(၁၃း၃၀)အချိန်မှ (၁၅း၃၀) အချိန်ထိ မြောက်ဦးမြို့နယ်၊ ငါးခူတောင်ကျေးရွာစာသင်ကျောင်း၌ ကျေးရွာသူ/သား(၁၂၀)ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များအား တက်ရောက်လာသူများ ထံဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2018 Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးနှင့် အခြားဘေးသတင်းများဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၆.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၃၀)နာရီအထိ ကျိုင်းတုံမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဇေတဝန်ဘုန်းတော်ကြီး)တွင် လူဦးရေစုစုပေါင်း (၂၂၀)ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်းအား ဆွေးနွေးဟောပြောခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_jun2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အထွဋ်ကျေးရွာအုပ်စု၊ ဖားလက်ခိုကျေးရွာအုပ်စုနှင့်ညောင်ပင်စုကျေးရွာအုပ်စုတို့တွင် (၁၃.၆.၂၀၁၈)နေ့မှ (၁၄.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ/ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ(၁၃၆)ဦး၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိတာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၆၂)စု၊ လူဦးရေ (၂၃၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂) သိန်း၊ ဆန်ရိက္ခာဖိုး (၄၉၉,၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၆၉၉,၈၀၀/-) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးကျေးရွာအုပ်စု၊ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာအုပ်စုနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စုတို့တွင်(၁၉.၆.၂၀၁၈)နေ့မှ (၂၁.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၇)လုံး၊ ရေမျောပါအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၃) အိမ်ထောင်စာကိုလည်းကောင်း၊ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၂) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၅) သိန်း၊ဆန်ရိက္ခာဖိုး (၃၁၉,၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄,၈၁၉,၂၀၀/-) ကျပ်ကို လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ … Read more

Sign Up

Upcoming Events