
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂၃-၆-၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)အချိန်မှ နေ့လည် (၁၂း၃၀)အချိန်ထိ မြောက်ဦးမြို့နယ်၊ သဘောကျေးရွာစာသင်ကျောင်၌ ကျေးရွာသူ/သား(၁၀၅)ဦးတို့အားလည်းကောင်း နေ့လည်(၁၃း၃၀)အချိန်မှ (၁၅း၃၀) အချိန်ထိ မြောက်ဦးမြို့နယ်၊ ငါးခူတောင်ကျေးရွာစာသင်ကျောင်း၌ ကျေးရွာသူ/သား(၁၂၀)ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များဟောပြောပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များအား တက်ရောက်လာသူများ ထံဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_jun2018
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)