ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း

27_Pic_02 27_Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန်တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအား လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးနှင့်တကွ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားဖွင့်ပွဲ၌  ပူတာအိုခရိုင်အုပ်ချုပ်ရေးမှူးဦးအုန်းသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူမြင့်မှ ခရိုင်ရုံးဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ အခမ်းအနား တွင် (၂၀-၆-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူမိသားစုဝင်များအတွက် ထောက်ပံ့ကြေးငွေ (၃၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ဲကြောင်း သတင်းရရှိပါသည်။

#otr
#ha_tls
#kcn_jun2018
Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events