
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၈) ရက်နေ့တွင် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာရှိ ကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/သား (၁၈၀)ဦးအားလည်းကောင်း၊ အနန်းကုန်းကျေးရွာရှိ Church ကျောင်း၌ ကျေးရွာ သူ/သား (၁၅၀)ဦးအားလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ၊ ဆောင်ရန်၊ ရှောင်ရန်များ ဟောပြောဆွေးနွေးပြီး ဘေး(၈) မျိုး လက်ကမ်းစာစောင်များ၊ မိုးကြိုးဘေး ဗွီနိုင်း ပိုစတာများ ဖြန့်ဝေခဲ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2018
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)