
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၈)ရက်နေ့တွင် ကနီမြို့နယ်၊ ပါဟဲကျေးရွာတွင် ရေဘေးဇာတ်တိုက် လေ့ကျင့်ခန်းအား ကျောင်း သား၊ ကျောင်းသူနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၃၀၀)ဦးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar_simex_fld
#sgg_jun2018
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)