
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၈)ရက်နေ့ ရမ်းဗြဲမြို့၊ စစ်ပြားကျေးရွာ အ.ထ.ကကျောင်းတွင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသူ၊ ကျောင်းသားနှင့် ရပ်မိရပ်ဖစုစုပေါင်း (၁၉၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောပွဲ၌ သဘာဝဘေးအန္တရာယ်နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းနှင့် သိပညာ ပေး ဗွီဒီယိုပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_jun2018
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)