Author Archives: Aye Kyimann

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်ဇင်းရပ်ကွက်တွင် (၁.၈.၂၀၁၈)ရပ်ကွက်၌ လေပြင်းဘေး တိုက်ခတ်မှု ကြောင့် အိမ်ခြေ(၂)လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၅၂)လုံး အမိုးလန်ပျက်စီးခဲ့၍ လူ(၁)ဦး ဒဏ်ရာရခဲ့ပါသည်။ အဆိုပါ လေဘေးအတွက် အိမ် ဆောက်ပစ္စည်းဖိုးငွေ (၂,၈၆၇,၇၅၀/-)ကျပ်၊ ပြိုကျအိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-)ကျပ်၊ ဒဏ်ရာရသူအတွက် (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂,၉၃၄,၅၅၀/-)ကျပ်နှင့် ပြိုကျအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် အမိုးလန်အိမ်များ အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး (၁,၀၂၇,၂၂၆)၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၃,၉၆၁,၇၇၆) … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၈)ရက်နေ့ (၁၃း၃၀) နာရီမှ (၁၄း၀၀) အချိန်ထိ ကျောက်မဲမြို့နယ်၊ (အ.လ.က-၃) အထက်တန်းကျောင်း(ခွဲ) ကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး ရေဘေးနှင့် မြေပြိုဘေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2018 Source:  ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ အုပ်ရှစ်ချိုကျေးရွာအုပ်စု၊ ရွှေတောကျေးရွာတွင် (၂.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းချောင်းရေ တိုက်စားမှုကြောင့် ဘေးကျရောက်နိုင်သည့် နေအိမ်(၂)လုံးအား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း(၇)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)ကျပ်နှင့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀ိ/-)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၄,၇၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၂)အိမ်ထာင်စာတို့အား (၃.၈.၂၀၁၈)ရက်နေ့တွင် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ #ha_fld #mgy_aug2018 Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ လှိုင်းဘွဲချောင်း၊ ပိုင်ကျုံချောင်းနှင့် ရွှေဂွန်းကျေးရွာရှိ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် လှိုင်းဘွဲမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၂၃)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၁၂၄၀)စု လူဦးရေ (၅၇၁၀)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁,၁၉၉၁,၀၀၀/-) ကျပ်အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_jul2018 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ သံလွင်မြစ်ရေမြင့်တက်မှု ကြောင့် ဘားအံမြို့နယ်၌ ကယ်ဆယ်ရေးစခန်း (၁၆)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၁၄၂၄)စု လူဦးရေ (၆၈၅၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၄,၃၉၇,၆၀၀/-)ကျပ်အား (၃၁-၇-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_jul2018 Source:  ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုမှုကြောင့် ဘေးဒုက္ခကြုံတွေ့နေရသော ပြည်သူများနှင့် သေဆုံးသူများအတွက် ကူညီထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကျေးရွာအုပ်စု၊ စွယ်တော်လမ်း၊ ရှင်ကြီးမော်ပိုင်းတွင် (၃၀-၇-၂၀၁၈)နေ့ (၀၈း၀၀) နာရီအချိန်၌ တောင်စောင်းမြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ် (၅)လုံး ပျက်စီး ခဲ့ပြီး လူ (၅)ဦး သေဆုံးသွားခဲ့ကာ (၁)ဦး ဒဏ်ရာရရှိခဲ့ပါသည်။  အနီးပတ်ဝန်းကျင်ရှိ နေအိမ် (၉)လုံးမှ အိမ်ထောင်စုများကိုလည်း ဘေးလွှတ် ရာနေရာသို့ ရွှေ့ပြောင်းပေးထားပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၆)ဦးတို့အတွက် ဆန်ရိက္ခာနှင့် … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်၊ စဉ့်အိုးဘိုလမ်းတွင် (၃၀-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် Unicef Family Kits (၁)ပုံး (၈၈,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၀၀,၀၀၀ိ/-)၊  ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၆၃၀၀ိ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀ိ/-) ကျပ်တို့အား (၃၁-၇-၂၀၁၈)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ  လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်‌းမော်ခရိုင်ရုံးမှ တာဝန်ရှိသူများသည် (၂၄-၇-၂၀၁၈)ရက်နေ့နှင့် (၂၅-၇-၂၀၁၈)ရက်‌‌နေ့တွင် လက်ပံတန်‌း‌ကျေးရွာအုပ်စု မြစ်‌‌ရေတိုက်စားမှု‌ကြောင်‌့ ကမ်‌းပါးပြို၍ ပြောင်‌း‌ရွှေ့အိမ်‌‌ထောင်စု(၂)စု လူဦး‌ရေ(၁၁)ဦးတို့အတွက် ကယ်ဆယ်‌‌ရေးပစ္စည်‌း(၁၀)မျိုး၊ အိမ်‌‌ဆောက်ပစ္စည်‌းတန်ဖိုး‌ငွေ တစ်အိမ်‌‌ထောင်(၁၀၀,၀၀၀/-)ကျပ်နှုန်‌းဖြင်‌့ စုစုပေါင်း (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ဖိုး‌ငွေ (၇)ရက်စာ (၂၃,၁၀၀/-)ကျပ်တို့အား (၃၁-၇-၂၀၁၈)ရက်‌‌နေ့ နေ့လည်(၁၁း၀၀)နာရီအချိန်တွင် သွာ‌ရောက်‌‌ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_jul2018 Source:  ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၉-၇-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော ရေဘေးမှ ယာယီကယ်ဆယ်ရေးစခန်း(၅)ခုရှိ အိမ်ထောင်စု (၂၀၇)စု လူဦးရေ (၉၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁,၉၈၄,၅၀၀/)ကျပ်အား (၃၁.၇.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #bgo_jul2018 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events