Author Archives: Aye Kyimann
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ ဒုဋ္ဌဝတီမြစ်ရေမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း ပေဝက်ခန့် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်များ၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန် ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”
-
ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးလုပ်ငန်း ကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
၃-၉-၂၀၁၈ ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၈) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပပါသည်။ အစည်းအဝေးသို့ နေရပ်စွန့်ခွာသူ များပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပူးတွဲ-ဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ အဖွဲ့ဝင်များ တက်ရောက်ကြ ပါသည်။ အစည်းအဝေးတွင် ရခိုင်ပြည်နယ် … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ၂။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၈)နေ့ (၁၀:၃၀) နာရီမှ(၁၁း၀၀)နာရီအထိ မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ စုစုပေါင်း(၈၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ေကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2018 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
School cum shelter ဆောက်လုပ်နေမှုအခြေအနေ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁)ရက်နေ့တွင် ဖျာပုံမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာသို့ သွားရောက်၍ School cum shelter ဆောက်လုပ်နေမှုအခြေအနေစစ်ဆေးခြင်းကို လိုက်ပါဆောင်ရွက်ခဲ့ပြီး ဂေါ်ဒူကျေးရွာ အခြေခံမူလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ဆရာ/ဆရာမ (၂၁၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဝေငှအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ ပင်လယ်ဒီရေမြင့်တက်မှုကြောင့် နေအိမ်များ တိုက်စားပြိုကျခံစား နေရသည့် ကမ်းခြေနေရာ များသို့သွားရောက်ကြည့်ရှုခဲ့ကြပြီး ရွာအတွင်း၌လည်း လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ ၎င်းကျေးရွာသည်ပင်လယ်နှင့်အနီးကပ်ဆုံးနေရာဒေသဖြစ်ပြီး ဘေးဖြစ်နိုင်ခြေအများ … Read more
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဥတိုကျေးရွာတွင် (၂၉-၈-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁) အိမ်ထောင်စာ (၁၈၅၁၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၆၃၀၀/-)ကျပ်တို့အား (၃၁-၈-၂၀၁၈)ရက်နေ့(၁၃း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2018 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
ကမ်းပြိုဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးဖြစ်ပေါ်ခဲ့သည့် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာ တွင် လူနေအိမ်(၁၃)လုံး ပြောင်းရွှေ့ခဲ့ရသဖြင့် ဘေးသင့်အိမ်ခြေ(၁၃)လုံး၊ အိမ်ထောင်စု(၁၃)စု၊ ဘေးသင့်လူဦးရေ(၅၁)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၁၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၇၁၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁၄၀၇၁၀၀/-)(ကျပ်တစ်ဆယ့်လေးသိန်းခုနှစ်ထောင့်တစ်ရာတိတိ)အား (၁-၉-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးရဲထွဋ်၊ ဌာနဆိုင်ရာများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_sep2018 … Read more
-
ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၁.၇.၂၀၁၈)ရက်နေ့နှင့် (၂၂.၇.၂၀၁၈) ရက်နေ့တို့တွင် တောင်ကျ ချောင်း ရေတိုးဝင်မှုကြောင့် မြဝတီမြို့နယ်၊ ကော့ကော်ကျေးရွာရှိ နေအိမ်မျောပါပျက်စီးသွား သောအိမ်ထောင်စု(၂)စုအတွက် (၃၁.၈.၂၀၁၈)ရက်နေ့ ညနေ(၁၅း၀၀) နာရီတွင် ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကော့ကော်ကျေးရွာအုပ်ချုပ်ရေးမှူးမှ တာဝန်ရှိသူများနှင့်အတူ (၁)အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)ကျပ်နှုန်းဖြင့် မျောပါပျက်စီးသွားသော နေအိမ်(၂)အိမ်စာ စုစုပေါင်း(၄၀၀၀၀၀/-)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ #ha_fld #krn_2018 Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၈.၂၀၁၈)ရက်နေ့နှင့် (၃၁.၈.၂၀၁၈)နေ့တို့တွင် လယ်ဝေးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ပလွေးချောင်းရေ မြင့်တက်လာမှုကြောင့် လယ်တာကြီးကျေးရွာအုပ်စု၊ ချောင်းမငယ်ကျေးရွာရှိ လူနေအိမ် (၄)လုံးအား ကမ်းပါးပြို ကျမှုမှ ကာကွယ်ရန်ကြိုတင်ပြောင်းရွှေ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၃၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၃၃၆၀၀/-)ကျပ်နှင့် (၇၄၆၄၀/-)ကျပ် တန်ဖိုးငွေရှိ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၄)အိမ်ထောင်စာတို့ အား (၃၁.၈.၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူ များလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ဲကြောင်း သတင်းရရှိပါသည်။ … Read more
