
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၁)ရက်နေ့တွင် ဖျာပုံမြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာသို့ သွားရောက်၍ School cum shelter ဆောက်လုပ်နေမှုအခြေအနေစစ်ဆေးခြင်းကို လိုက်ပါဆောင်ရွက်ခဲ့ပြီး ဂေါ်ဒူကျေးရွာ အခြေခံမူလွန် ကျောင်းတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ဆရာ/ဆရာမ (၂၁၀)ဦး တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဝေငှအသိပညာပေးခဲ့ပါသည်။ ဆက်လက်၍ ပင်လယ်ဒီရေမြင့်တက်မှုကြောင့် နေအိမ်များ တိုက်စားပြိုကျခံစား နေရသည့် ကမ်းခြေနေရာ များသို့သွားရောက်ကြည့်ရှုခဲ့ကြပြီး ရွာအတွင်း၌လည်း လက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ ၎င်းကျေးရွာသည်ပင်လယ်နှင့်အနီးကပ်ဆုံးနေရာဒေသဖြစ်ပြီး ဘေးဖြစ်နိုင်ခြေအများ ဆုံးဒေသဖြစ်သောကြောင့် သဘာဝဘေးနှင့် ပတ်သက်၍ ကျေးရွာနေပြည်သူ များအသိပညာများကြွယ်ဝနေရန် အလွန်လိုအပ်ပါကြောင်း သတင်းရရှိပါသည်။
#ar_otr
#ayy_sep2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)