Author Archives: Aye Kyimann
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ဆိက္ခဝကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၃-၁၀-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁၆)လုံး၊ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၄၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၆၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၂၉၀၀/-)ကျပ်၊ စုစုပေါင်း (၁၇၀၂၉၀၀/-)ကျပ်၊ (ကျပ်တစ်ဆယ့်ခုနှစ်သိန်းနှစ်ထောင့်ကိုးရာတိတိ) တို့အား (၅-၁၀-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ရွှေကန်မြေလူမှုကူညီရေးအသင်း ဥက္ကဌဦးသန်းကျော်သူ၊ ပခုက္ကူဂျာနယ်မှ အယ်ဒီတာဦး နေဦးမောင်၊ ဆိက္ခဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လွင်တို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ … Read more
-
ငလျင်နှင့်အခြားသဘာဝဘေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၉.၂၀၁၈)ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဗမ်ဘိုင်ကျေးရွာရှိ စာကြည့်တိုက်တွင် ငလျင်နှင့်အခြားသဘာဝဘေးများဆိုင်ရာ အသိ ပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် မုန့်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_sep2018 Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၉-၂၀၁၈)ရက်နေ့တွင် ပြည်သူလူထုအား သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာတိုးပွားစေရန်ရည်ရွယ်၍ ကျောက်တော်မြို့အဝင် လူစည်ကားရာ ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ အဝေးပြေးကားဂိတ်၌ ရေဘေးအသိပညာပေးဗီနိုင်း မြေစိုက်ဆိုင်း ဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2018 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၃၀-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ သီရိမြိုင်ဈေးရှေ့တွင် မုန်တိုင်းဘေးပညာပေး ဗီနိုင်းပိုစတာ မြေစိုက်ဆိုင်း ဘုတ်အား စိုက်ထူခဲ့ပါသည် အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၉.၉.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ငပုတောမြို့နယ်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးညွှန်ကြားရေးမှူး၊ ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဒေါက်တာ စိုးသိန်း၊ ငပုတောမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ သင်တန်းသား၊သင်တန်း သူများ စုစုပေါင်းအင်အား (၆၀)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအား ငပုတောမြို့နယ်အတွင်းရှိ … Read more
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ အင်းလေးကျေးရွာတွင် (၁၂.၉.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့်ဘေး သင့်အိမ်ထောင် (၁၂)စုတို့အတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး (၁၂)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၁၃၈၆၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၁၀၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၉၂၀၀/-)ကျပ်တို့အား ဘေးသင့်အိမ်ထောင်စု ထံသို့ မိုးညှင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့်အတူ (၂၉.၉.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_sep2018 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက် (၀၈း၃၀)နာရီမှ (၁၀း၅၀)နာရီအထိ စစ်တွေမြို့လူစည်ကားရာ အဝေးပြေးကားဝင်း၌ မီးဘေး အသိပညာပေးဆိုင်းဘုတ်အား လည်းကောင်း၊ စစ်တွေမြို့၊ လမ်းဆုံလမ်းခွ လူစည်ကားရာ လောကနန္ဒာဘုရားရှေ့တွင် မုန်တိုင်းဘေး အသိပညာပေးဆိုင်းဘုတ် အားလည်းကောင်း စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_sep2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် အ.ထ.က-၆ မီးပွိုင့်အနီးတွင် သဘာဝဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
“သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ဝက်ထီးကန်တိုက်နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၌ (၂၇.၉.၂၀၁၈)ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၁၅)နာရီချိန်အထိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ကျေး ရွာသူ/သားများ စုစုပေါင်းအင်အား(၂၀၀)ဦးကျော် တို့်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ယင်းပွဲ၌ ပြည်မြို့နယ်သဘာဝဘေးလျော့ပါးရေး(ဆင့်ပွား) သင်တန်းဆင်း-စေတနာ့ဝန်ထမ်းလူငယ်(၃)ဦးတို့ပူးပေါင်းပါဝင်ပြီး အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းနှင့် ဂိမ်းကစားခြင်းများဖြင့် ဆောင်ရန်/ရှောင်ရန်အချက်များကို သိသာထင်ရှားအောင်ဆောင်ရွက်ခဲ့ပြီး၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2018 Source: … Read more
-
သဘာဝဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၈-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထု များသိရှိစေရန်အတွက် ဟင်္သာတမြို့နယ်၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးရှေ့၌ သဘာဝဘေးအသိ ပညာပေးဗီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
